မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

 

(၁၃.၅.၂၀၁၉) ရက်​​နေ့ နံနက်​ (၁၀) နာရီအချိန်​တွင်​ မန္တ​လေးတိုင်း​ဒေသကြီး ပြည်​ခိုင်​ဖြိုးပါတီ အစည်းအ​ဝေး ခန်းမ၌ မန္တ​လေးခရိုင်​ နယ်​​မြေတာဝန်​ခံနှင့်​ မန္တ​လေးခရိုင်​အတွင်းရှိ မြို့နယ်​များ လုပ်​ငန်းညှိနှိုင်း အစည်းအ​ဝေး ကျင်းပပြုလုပ်​ရာ တိုင်း​ဒေသကြီး ပါတီ​ကော်​မတီဝင် ​(မန္တ​လေးခရိုင်​နယ်​​မြေ တာဝန်​ခံ) ဦးမျိုးမြင့်​၊ တိုင်းဒေသကြီး ပါတီ​ကော်​မတီဝင်​ ဦး​ကျော်​စန်း၊ မန္တ​လေးခရိုင်​ ပါတီဥက္ကဋ္ဌ ဦးဘိုသင်း၊ ခရိုင်​အတွင်း​ရေးမှူး ​ဒေါ်ဝါဝါလှိုင်​၊ ခရိုင်​ပါတီ​ကော်​မတီဝင်​များ၊ မန္တလးခရိုင်​အတွင်းရှိ မြို့နယ်​များမှ ဥက္ကဋ္ဌများနှင့်​ အတွင်း​ရေးမှူးများ တက်​​ရောက်​ခဲ့ကြ ပါသည်။
အဆိုပါ အစည်းအ​ဝေးတွင်​ တိုင်း​ဒေသကြီးပါတီ ​ကော်​မတီဝင် ​(မန္တ​လေးခရိုင်​နယ်​​မြေတာဝန်​ခံ) ဦးမျိုးမြင့်​က ပါတီအဆင့်​ဆင့်​ တာဝန်​ရှိသူများ အ​နေဖြင့်​ ပြည်​သူလူထုအသံများကို စဉ်​ဆက်​မပြတ်​ နား​ထောင်​သွားပြီး လိုအပ်​ချက်​များကို ပြည်​သူ့ဘက်​မှ ရဲ့ဝံ့တည်​ကြည်​စွာ ဆက်​လက်​ရပ်​တည်​​ ဆောင်​ရွက်​သွားကြရန်​ လိုအပ်​​ကြောင်း၊ ​ဒေသအလိုက်​ဖြစ်​​ပေါ်​နေမှု အ​ခြေအ​နေအရပ်​ရပ်​ကို မိမိတို့ပြည်​သူများ ခံစား​နေရမှုများသည်​ မိမိတို့ခံစားရ သကဲ့သို့ ခံယူပြီး အပြုသ​ဘော​ဆောင်​​သော​ ထောက်​ပြမှုများကို ​ဆောင်​ရွက်​သွားဖို့ လိုအပ်​​ကြောင်း၊ လွတ်​လပ်​ပြီး တရားမျှတ​သော ​ရွေး​ကောက်​ပွဲဖြစ်​​စေရန်​လည်း ဖြစ်​စဉ်​များအ​ပေါ် အ​ခြေခံပြီး​စောင့်​ကြည့်​ သွားကြရန်​လည်း လိုအပ်​​ကြောင်း ​ဆွေး​နွေးမှာကြား ခဲ့ပါသည်​။