ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ပါတီဌာနချုပ် စုပေါင်းထမနဲထိုးပွဲသို့ တက်ရောက်အားပေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ဖေဖော်ဝါရီ (၇) ရက် နံနက် ၇ နာရီက နေပြည်တော်ရှိ ပါတီဌာနချုပ် တွင်ကျင်းပခဲ့သည့် ဌာနချုပ်စုပေါင်းထမနဲ ထိုးပွဲသို့ တက်ရောက်အားပေးခဲ့သည်။
ယင်းထမနဲထိုးပွဲကို ပါတီဌာနချုပ် အတွင်းမှ ရုံးတွင်းဌာနများအလိုက်ဝန်ထမ်း များစုပေါင်း၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထမနဲထိုးပွဲသို့ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ဒုတိယဥက္ကဋ္ဌဦးမြတ်ဟိန်း၊ အထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့် တာဝန် ရှိသူများ တက်ရောက်ခဲ့ကြပြီး ဌာနချုပ် အတွင်းမှ ဝန်ထမ်းမိသားစုဝင်များ စုံညီစွာ တက်ရောက်ပူးပေါင်းပါဝင်ခဲ့ကြသည်။