ဒုတိယဥက္ကဋ္ဌသူရဦးအေးမြင့် ဒီပဲယင်းမြို့နယ် ပါတီမျက်နှာစုံညီအစည်းအဝေးသို့တက်ရောက်

ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ (စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ) သူရဦးအေးမြင့်သည် ယမန်နေ့ နံနက် ၈နာရီခွဲက စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင် ဒီပဲယင်း မြို့နယ်တွင်ကျင်းပသည့် ဒီပဲယင်း မြို့နယ် ပါတီမျက်နှာစုံညီအစည်း အဝေးသို့တက်ရောက်၍ လမ်းညွှန် အမှာစကားပြောကြားသည်။

ရှေးဦးစွာ ဒီပဲယင်းမြို့နယ် ပါတီမျက်နှာစုံညီအကြိုညှိနှိုင်း အစည်းအဝေးတွင် စစ်ကိုင်းတိုင်း ဒေသကြီးပါတီ ပြန်လည်ရွေးချယ် ဖွဲ့စည်းရေးကော်မတီဝင် ဦးအောင် ကျော်ဦးက ရွေးချယ်မှုလုပ်ထုံး လုပ်နည်းများကို ရှင်းလင်းပြော ကြားပြီး ဒီပဲယင်းမြို့နယ်ပါတီ အတွက် မြို့နယ်အလုပ်အမှုဆောင် ကော်မတီဝင်အသစ် ၁၅ ဦးစီနှင့် အရန်မြို့နယ်အလုပ်အမှုဆောင်ကော် မတီဝင်အသစ် ၁၅ဦးစီ စုစုပေါင်း ကော်မတီဝင် ၃ဝတို့ကို စိစစ်ရွေး ချယ်ခြင်း လုပ်ငန်းစဉ်အဆင့်ဆင့် ဖြင့် စိစစ်ရွေးချယ်ကြသည်။
ယင်းနောက် ဒီပဲယင်းမြို့နယ် ပါတီမျက်နှာစုံညီ အစည်းအဝေး ကို ဆက်လက်ကျင်းပပြီး မြို့နယ် ပါတီအလုပ်အမှုဆောင်ကော်မတီ ဝင်အသစ် ၁၅ဦးတို့အား အမည် စာရင်းကြေညာခြင်း၊ ကတိသစ္စာပြု ခြင်း၊ ပါတီတာဝန်များပေးအပ် ခြင်းတို့ကို ဆောင်ရွက်ပြီး ပြည် ခိုင်ဖြိုးပါတီ၏ ဦးတည်ချက်၊ ရည် မှန်းချက်၊ ရှေ့လုပ်ငန်းစဉ်များ ဆွေး နွေးချက်စာတမ်းငါးစောင်အား မြို့ နယ်အလုပ်အမှုဆောင်ကော်မတီဝင် အသစ်များက ဖတ်ကြားတင်သွင်း ကြပြီး အခမ်းအနားကို မွန်းလွဲ ၂ နာရီတွင်’ပြည်ခိုင်ဖြိုးပါတီအောင် ရမည်’ဟူသောကြွေးကြော်သံဖြင့် ကြွေးကြော်ကာရုပ်သိမ်းခဲ့သည်။

ထို့နောက် ပါတီဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့်နှင့်အဖွဲ့သည် ရွေး ချယ်ပြီးသော ဒီပဲယင်းမြို့နယ် ပါတီအလုပ်အမှုဆောင်ကော်မတီ ဝင် ၁၅ ဦးနှင့် အရန်မြို့နယ်ပါတီ အလုပ်အမှုဆောင်ကော်မတီဝင် ၁၅ ဦးတို့နှင့် မှတ်တမ်းတင်ဓာတ်ပုံ များရိုက်ကူးခြင်း၊ ပါတီဒုတိယ ဥက္ကဋ္ဌက သြဝါဒလမ်းညွှန်စကား များ ပြောကြားခြင်းတို့ကို ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

အေးဇေယျာ


Leave a Reply