ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် လူငယ်ရေးရာတာဝန်ခံ ရွှေကူမြို့နယ်ဒေသခံပြည်သူများနှင့်တွေ့ဆုံ

 

ရွှေကူ ဧပြီ ၁ဝ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် လူငယ်ရေးရာတာ ဝန်ခံ ကချင်ပြည်နယ်တာဝန်ခံ ဒေါက်တာ အောင်မြတ်ဦးသည် ရွှေကူမြို့နယ်ပြည်သူများနှင့်တွေ့ဆုံ ပွဲကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်က ငါးဘတ်ကြီးကျေးရွာ တောင်ကျောင်းဓမ္မာရုံ၌ ကျင်းပ ခဲ့သည်။

အခမ်းအနားသို့ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို အလုပ်အမှုဆောင် လူငယ်ရေးရာ တာဝန်ခံ ကချင်ပြည်နယ်တာဝန်ခံ ဒေါက်တာအောင်မြတ်ဦး၊ ကချင် ပြည်နယ်ပါတီအတွင်းရေးမှူး ဦးစိုးသိန်း၊ ပြည်နယ်ပါတီ အလုပ် အမှုဆောင် ဦးဝင်းမောင်သိန်းနှင့် ဦးအောင်နိုင်၊ဗန်းမော်ခရိုင် ပါတီ ဥက္ကဋ္ဌဦးသန်းဇော်လေးနှင့် ကော်မ တီဝင်များ၊ ရွှေကူမြို့နယ်ပါတီ ဥက္ကဋ္ဌဦးဇော်မင်းနှင့်ကော်မတီဝင် များ၊ကျေးရွာ ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ ဝင်များ၊ ပါတီဝင်များစုစုပေါင်း ၃၅ဝကျော်တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာပါတီဗဟိုအလုပ် အမှုဆောင် ဒေါက်တာအောင်မြတ် ဦးက ရွှေကူမြို့နယ်ပြည်ခိုင်ဖြိုး ပါတီဝင်များစိတ်ဓာတ်အပြည့်အဝ ဖြင့်တက်ရောက်ပေးသည့်အတွက် ကျေးဇူးတင်ကြောင်း၊ ဒို့တာဝန် အရေးသုံးပါးကိုဦးထိပ်ထားပြီး ဆက်လက်ချီတက်သွားမည်ဖြစ် ကြောင်း၊ ပြည်ခိုင်ဖြိုးပါတီအနိုင် ရပါက စိုက်ပျိုးသီးနှံများဈေး ကောင်းရရှိရေး၊အလုပ်လက်မဲ့နှုန်း များ လျှော့ချရေးတို့ကိုဆောင်ရွက် သွားမည်ဖြစ်ကြောင်းပြောခဲ့သည်။

ဆက်လက်၍ မြို့နယ်ပါတီ ဥက္ကဋ္ဌဦးဇော်မင်းက မြို့နယ်ပြည် ခိုင်ဖြိုးပါတီ၏လုပ်ငန်းဆောင်ရွက် ချက်များကို ရှင်းလင်းတင်ပြခဲ့၍ ပြည်နယ်ပါတီအတွင်းရေးမှူးဦးစိုး သိန်းက ဖွဲ့စည်းပုံအခြေခံ ဥပဒေ အကြောင်းကို ရှင်းလင်းဆွေး နွေးခဲ့ ပြီးဗဟိုအလုပ်အမှုဆောင်ဒေါက်တာ အောင်မြတ်ဦးက နိဂုံးချုပ်စကား ပြောကြားခဲ့သည်။

ထို့နောက် ရွှေကူမြို့နယ်ပါတီ ရုံးတွင် ရပ်မိရပ်ဖများ၊ ခရိုင်၊ မြို့ နယ်ပါတီ ကော်မတီအဖွဲ့နှင့်လည်း ကောင်း၊ ရပ်/ကျေး ပါတီဥက္ကဋ္ဌ များ၊ လူငယ်ရေးရာကော်မတီအဖွဲ့ များနှင့်လည်းကောင်း စုစုပေါင်း အင်အား ၁၅ဝ တို့ဖြင့် တွေ့ဆုံခဲ့ပြီး လမ်းညွှန်အမှာစကားပြောကြား ခဲ့ကြောင်းသိရသည်။

ဝါဝါ(ဗန်းမော်)