လှိုင်သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဝါဆိုသင်္ကန်း ကပ်လှူပူဇော်

 

ရန်ကုန် သြဂုတ် ၂၆

ရန်ကုန်တိုင်း ဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမတွင် ယနေ့ နံနက် ၁ဝ နာရီကမြို့နယ်အတွင်း ရှိ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်သံဃာတော် ၁၅ ပါး အားဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထု များကိုတွင် ကပ်လှူ ပူဇော်သည်။
ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ သို့ရန်ကုန်တိုင်းဒေသကြီးမြောက်ပိုင်း ခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီဥက္ကဋ္ဌဦးတင်ယု၊ လှိုင် သာယာမြို့နယ်ဥက္ကဋ္ဌဦးဇေယျာ အောင်နှင့် ခရိုင်၊ မြို့နယ်၊ ရပ် ကျေးပါတီဝင်များက ဆက်ကပ် ပူဇော်ကြရာ ဆရာတော်သံဃာ တော်များက သီလပေးခြင်း၊ မေတ္တ သုတ်များရွတ်ဖတ်ပူဇော်ခြင်းနှင့် ရေစက်ချတရားတော်များ ချီး မြှင့်သည်။ ထို့နောက် တက်ရောက် လာသော ပါတီဝင်များက ဆရာ တော်များကို ဆွမ်းကပ်လှူပြီး သာဓုသုံးကြိမ်ရွတ်ဆိုအမျှပေးဝေ ၍ တက်ရောက်လာသူများကို နံနက်စာဖြင့် ဧည့်ခံကျွေးမွေးပြီး အခမ်းအနားကို ရုပ်သိမ်းကြောင်း သိရသည်။

ခင်မိုးစင်္ကြာ