သပိတ်ဆွမ်းလောင်းလှူပွဲ၌ ပြည်ခိုင်ဖြိုးပါတီ ဆွမ်းလောင်းလှူ

 

မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက် မြို့ဦးကျောင်းတိုက် အောင်စင်္ကြာစေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်၊ သံဃာအပါး ၇ဝဝ ကျော်အား သပိတ်ဆွမ်းလောင်းလှူပွဲအခမ်းအနားကို ဇန်နဝါရီ ၃၁ ရက် တပို့တွဲလပြည့်နေ့ နံနက်၇နာရီခွဲမှစတင်၍ ယင်းကျောင်းတိုက် အတွင်း၌ ကျင်းပခဲ့သည်။
ယင်းသပိတ်ဆွမ်းနှင့် ထမနဲလောင်းလှူပွဲတွင် မြစ်ကြီးနား မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တစ်ဆုပ်ဆန်လှူ အသင်းကလည်းတန်ဖိုးအားဖြင့် ငွေကျပ် ၁၂၂ဝဝဝရှိ ဆွမ်းနှင့်လှူဖွယ် ပစ္စည်းများအား လောင်းလှူခဲ့ကြသည်။

”ကျွန်တော်တို့ တစ်ဆုပ်ဆန်လှူအသင်းကိုလူမျိုးဘာသာမရွေး ကူညီနိုင်ရန် ရည်ရွယ်၍ ဖွဲ့စည်းထားသောအဖွဲ့ဖြစ်ပြီး ဘာသာ၊ လူမျိုးမခွဲခြားဘဲ လူမှုရေးအခက်အခဲများ၊ ဘာသာသာသနာအလှူ  အတန်းများတွင် ပါဝင်ဆောင်ရွက်နေပါတယ်”ဟု တစ်ဆုပ်ဆန်လှူ အသင်းဥက္ကဋ္ဌ ဦးညွန့်ဝင်းကပြောသည်။
အဆိုပါ သပိတ်ဆွမ်းလောင်းလှူပွဲသို့ မြစ်ကြီးနားခရိုင် ပြည်ခိုင် ဖြိုးပါတီကော်မတီဝင် ဦးလူးကပ်စ်၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးညွန့်ဝင်း၊ဘဏ္ဍာရေးမှူးဦးဥက္ကာ၊ ကော်မတီဝင် ဒေါ်မြင့်မြင့်ဝင်း၊ ရပ်ကွက်ပါတီဥက္ကဋ္ဌများ ဖြစ်သည့် ဦးမင်းနောင်၊ဦးတူးထန်၊ ဦးသန်း လွင်ဦး၊ ဦးမောင်ဝင်းနှင့်ဦးသိန်းတန်တို့ကသဒ္ဓါကြည်ညိုစွာဖြင့် ပါဝင် လောင်းလှူခဲ့ကြကြောင်း သိရသည်။

EPN