လွိုင်လင်ခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ဆိုင်းဘုတ်အသစ်တင်

 

လွိုင်လင် ဧပြီ ၁ဝ

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် ပါတီရုံးတွင် ယမန်နေ့ နံနက် ၁ဝ နာရီက ခရိုင်ပါတီဆိုင်းဘုတ်အသစ်ဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ လွိုင်လင်မြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးခင်မောင်သီ၊ လွိုင်လင်ခရိုင် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ၊ လွိုင်လင် မြို့နယ်ပါတီကော်မတီဝင်များနှင့် ရပ်ကွက်၊ကျေးရွာကော်မတီဝင်များ တက်ရောက်ကြပြီး မင်္ဂလာအချိန်ကျရောက်သည်နှင့်ပါတီဆိုင်းဘုတ် အသစ်အားဖွင့်လှစ်ကြပြီး အမွှေးနံ့သာရည်များ အောင်သပြေများ ဖြင့်ပက်ဖျန်းကာ ပါတီဆိုင်းဘုတ်အသစ်ဖွင့်လှစ်ခဲ့ကြောင်း သိရ သည်။