ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ မြန်မာနိုင်ငံရေး သင်တန်းကျောင်းအဖွဲ့ နှင့်တွေ့ဆုံ

 

ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် မြန်မာနိုင်ငံရေးသင်တန်းကျောင်းအဖွဲ့တို့ တွေ့ဆုံ ပွဲကို ဖေဖေါ်ဝါရီလ(၈) ရက် နေ့လည် (၂း၁၅)နာရီမှ ညနေ(၃း၁၅)အချိန်အထိ ပြည်နယ်ပါတီရုံး ပြည်နယ် ပါတီဥက္ကဌရုံးခန်း၌ ကျင်းပခဲ့ရာ ပြည်နယ်ပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်း၊ ပြည်နယ်အတွင်းရေးမှူး ဦးဌေးရယ်၊ ပြည်နယ်ကော်မတီဝင်များနှင့် မြန်မာနိုင်ငံရေးသင်တန်းကျောင်း၏ မြန်မာနိုင်ငံရေးဆိုင်ရာ ဌာနေကိုယ်စားလှယ် Bram Steenhuisen (ကိုကောင်းစံ) ဦးဆောင်သောအဖွဲ့တို့ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

# လမင်းချစ်သူ