အိမ်နီးချင်းနိုင်ငံများဖြစ်သည့်အတွက် ရုရှားနှင့်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်းသည်သာမန်ကိစ္စတစ်ခုသာဖြစ်ဟု ကင်မ်ဆို

ဆိုးလ်၊စက်တင်ဘာ ၂၅
မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်၏ ရုရှားခရီးစဉ်အပေါ်ဝေဖန်ခဲ့သည့် တောင်ကိုရီးယားသမ္မတအား မြောက်ကိုရီးယားကဝေဖန်ရှုံ့ချခဲ့သည်။
ရုရှားနှင့် ၎င်းတို့သည်အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့်အတွက် ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ခြင်းသည် သဘာဝဖြစ်သည်ဟု မြောက်ကိုရီးယားကဆိုခဲ့သည်။
ယူကရိန်းစစ်အတွက်ရုရှားအား မြောက်ကိုရီးယားကလက်နက်ကူညီပြီး မြောက်ကိုရီးယားနျူဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အတွက် ရုရှားဘက်ကနည်းပညာပြန်ကူညီပေးနိုင်သည်ဟုလည်း မစ္စတာယွန်းကယူဆထားပြီး ယင်းသို့အမှန်တကယ်လုပ်ခဲ့ပါက တိုက်ရိုက်ရန်စခြင်းပင်ဖြစ်သည်ဟုလည်း မစ္စတာယွန်းကကုလအထွေထွေညီလာခံ၌ဆိုခဲ့သည်။
KCNA သတင်းဌာန၏ဖော်ပြချက်တစ်ခု၌မူ မြောက်ကိုရီးယားနှင့်ရုရှားတို့၏ ချစ်ကြည်ရင်းနှီးမှုအပေါ် ဆိုးဆိုးရွားရွားဝေဖန်ခဲ့သည့် တောင်ကိုရီးယားအား မြောက်ကိုရီးယားဘက ဝေဖန်ရှုံ့ချခဲ့ပြီး တောင်ကိုရီးယားသည်အမေရိကန်၏လက်ကိုင်တုတ်အဖြစ် အမေရိကန်အာဘော်လိုက်နေခြင်းဖြစ်သည်ဟုလည်းဆိုခဲ့သည်။
Source : Reuters

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုကြောင့် သေဆုံးသူ ၉၀၀ ကျော်ရှိလာ

စက်တင်ဘာ ၂၅

ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်း၌ ယခုနှစ် လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၈၇၇၂၅ ဦးရှိခဲ့ကာ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုကြောင့် သေဆုံးသူ ၉၀၀ ကျော်ရှိလာကြောင်း
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

“ပြင်သစ် သမ္မတ က နိုင်ဂျာနိုင်ငံရှိ ပြင်သစ် တပ်ဖွဲ့ဝင် များအား ယခုနှစ်ကုန်ပိုင်းတွင် အပြီးအပိုင် ရုပ်သိမ်းမှုများပြု လုပ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့”

အမေရိကန် နိုင်ငံသည် ၎င်းတို့နိုင်ငံထုတ် ၁၅၅ မီလီမီတာ အမြှောက်ကျည်များကို လာမည့် ၂၀၂၅ခုနှစ်တွင် ၁လလျှင် ၁၀၀,၀၀၀ထိ တိုးမြှင့်ထုတ်လုပ်သွားရန် မျှော်မှန်းထား

စက်တင်ဘာ ၁၈

မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာ က ၎င်းတို့နိုင်ငံ ပိုင်နက်ကို ဖြတ်ကျော် ဝင်ရောက်ခဲ့ပြီး တတိယနိုင်ငံသို့ ခိုလှုံရန် ဆန္ဒရှိနေသည့် အမေရိကန် စစ်သည် ကို ပထမဆုံး အကြိမ် လူသိရှင်ကြား တရားဝင်ထုတ်ပြန်ကြေညာခဲ့

သြဂုတ် ၁၇
မြောက်ကိုရီးယားနိုင်ငံ သည် ၎င်း၏ ပိုင်နက်မြေအတွင်းသို့ အမေရိကန်စစ်တပ်၏ စစ်သည် Travis King ဆိုသူသည် ဖြတ်ကျော်ဝင်ရောက်ခဲ့ကြောင်း ပထမဆုံး အကြိမ် လူသိရှင်ကြား အတည်ပြုခဲ့ တာဖြစ် ပါတယ်။
ထို့နောက် အမေရိကန် စစ်သည်တစ်ဦးဖြစ်သည့် king သည် မြောက်ကိုရီးယား သို့မဟုတ် တတိယနိုင်ငံသို့ ခိုလှုံရန် ဆန္ဒရှိနေကြောင်း နိုင်ငံ၏ အစိုးရထိန်းချုပ်ထားသော မြောက်ကိုရီးယားဗဟိုသတင်းအေဂျင်စီမှ ပြီးခဲ့သည့် သြဂုတ် ၁၆ရက် ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့တာဖြစ်ပါတယ်။
“အမေရိကန် စစ်တပ်အတွင်း လူမဆန်စွာ နှိပ်စက်ညှဉ်းပန်းခြင်းနှင့် စစ်တပ်အတွင်း လူမျိုးရေး ခွဲခြားဆက်ဆံမှုအပေါ် ဆိုးရွားသောခံစားချက်များ ဖြစ်ပေါ်လာကာ ဘုရင်သည် မြောက်ကိုရီးယားသို့ ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်” လို့လည်း မြောက်ကိုရီးယား နိုင်ငံပိုင် မီဒီယာမှ အခိုင်အမာ ပြောကြားခဲ့ပါတယ်။

ရုရှား(Wagner) ကြေးစား စစ်သည်များသည် ဘီလာရုနိုင်ငံအတွင်းသို့ရောက်ရှိလာပြီးနောက်ပိုင်း လတ်ဗီးယားနိုင်ငံ နှင့် ဘီလာရုနိုင်ငံတို့အကြား နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးဆိုင်ရာ ပဋိပက္ခ အချို့ ဖြစ်ပေါ်နေ