ဘဂၤလားေဒ့ရွ္နိုင္ငံ၌ ေသြးလြန္တုပ္ေကြးျဖစ္ပြားမႈေၾကာင့္ ေသဆုံးသူ ၉၀၀ ေက်ာ္ရွိလာ

စက္တင္ဘာ ၂၅

ဘဂၤလားေဒ့ရွ္နိုင္ငံတစ္ဝန္း၌ ယခုႏွစ္ လက္ရွိအခ်ိန္အထိ ေသြးလြန္တုပ္ေကြးျဖစ္ပြားသူ ၁၈၇၇၂၅ ဦးရွိခဲ့ကာ ေသြးလြန္တုပ္ေကြး ျဖစ္ပြားမႈေၾကာင့္ ေသဆုံးသူ ၉၀၀ ေက်ာ္ရွိလာေၾကာင္း
ဘဂၤလားေဒ့ရွ္နိုင္ငံ က်န္းမာေရးဝန္ႀကီးဌာန၏ ေျပာၾကားခ်က္အရ သိရသည္။

ဘဂၤလားေဒ့ရွ္နိုင္ငံ က်န္းမာေရးဝန္ႀကီးဌာန ၏ ထုတ္ျပန္ခ်က္အရ နိုင္ငံတစ္ဝန္းတြင္ ေသြး လြန္တုပ္ေကြးျဖစ္ပြားမႈေၾကာင့္ ဇူလိုင္လ အတြင္း က ၂ဝ၄ ဦး၊ ဩဂုတ္လအတြင္းက ၃၄၂၂ ဦးႏွင့္ စက္တင္ဘာလအတြင္း လက္ရွိအခ်ိန္အထိ ၃၁၆ ဦးအပါအဝင္ ေသဆုံးသူစုစုေပါင္း ၉၀၉ ဦးရွိလာေၾကာင္း သိရသည္။

ဘဂၤလားေဒ့ရွ္နိုင္ငံ၌ ဇူလိုင္လအတြင္းက ေသြး လြန္တုပ္ေကြးျဖစ္ပြားသူ ၄၃၈၅၄ ဦး၊ဩဂုတ္လအတြင္းက ၇၁၉၇၆ ဦးႏွင့္ စက္တင္ဘာလအတြင္း လက္ရွိအခ်ိန္အထိ ေသြးလြန္တုပ္ ေကြးျဖစ္ပြားသူ ၆၃၉၁၇ ဦးရွိေၾကာင္းသိရသည္။

ထို႔ျပင္ ဘဂၤလားေဒ့ရွ္နိုင္ငံ၌ လြန္ခဲ့သည့္ တစ္ ရက္တာကာလအတြင္း ေသြးလြန္တုပ္ေကြးေရာဂါျဖစ္ပြားသူ ၃၀၀၈ ဦးရွိခဲ့ကာ ေသဆုံးသူ ၁၆ ဦးရွိခဲ့ေၾကာင္းႏွင့္ လက္ရွိအခ်ိန္အထိ ေသြး လြန္တုပ္ေကြးျဖစ္ပြားၿပီး ျပန္လည္က်န္းမာလာသူ ၁၇၆၃၄၆ ဦးရွိေၾကာင္းလည္း သိရသည္။ ဇြန္ လမွ စက္တင္ဘာလအထိ ကာလသည္ ဘဂၤလား ေဒ့ရွ္နိုင္ငံ၌ ေသြးလြန္ တုပ္ေကြးျဖစ္ပြားမႈ အမ်ားဆုံးကာလျဖစ္ေၾကာင္း သိရသည္။

=================================

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုကြောင့် သေဆုံးသူ ၉၀၀ ကျော်ရှိလာ

စက်တင်ဘာ ၂၅

ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်း၌ ယခုနှစ် လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၈၇၇၂၅ ဦးရှိခဲ့ကာ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုကြောင့် သေဆုံးသူ ၉၀၀ ကျော်ရှိလာကြောင်း
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်းတွင် သွေး လွန်တုပ်ကွေးဖြစ်ပွားမှုကြောင့် ဇူလိုင်လ အတွင်း က ၂ဝ၄ ဦး၊ ဩဂုတ်လအတွင်းက ၃၄၂၂ ဦးနှင့် စက်တင်ဘာလအတွင်း လက်ရှိအချိန်အထိ ၃၁၆ ဦးအပါအဝင် သေဆုံးသူစုစုပေါင်း ၉၀၉ ဦးရှိလာကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဇူလိုင်လအတွင်းက သွေး လွန်တုပ်ကွေးဖြစ်ပွားသူ ၄၃၈၅၄ ဦး၊ဩဂုတ်လအတွင်းက ၇၁၉၇၆ ဦးနှင့် စက်တင်ဘာလအတွင်း လက်ရှိအချိန်အထိ သွေးလွန်တုပ် ကွေးဖြစ်ပွားသူ ၆၃၉၁၇ ဦးရှိကြောင်းသိရသည်။

ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ လွန်ခဲ့သည့် တစ် ရက်တာကာလအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၃၀၀၈ ဦးရှိခဲ့ကာ သေဆုံးသူ ၁၆ ဦးရှိခဲ့ကြောင်းနှင့် လက်ရှိအချိန်အထိ သွေး လွန်တုပ်ကွေးဖြစ်ပွားပြီး ပြန်လည်ကျန်းမာလာသူ ၁၇၆၃၄၆ ဦးရှိကြောင်းလည်း သိရသည်။ ဇွန် လမှ စက်တင်ဘာလအထိ ကာလသည် ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၌ သွေးလွန် တုပ်ကွေးဖြစ်ပွားမှု အများဆုံးကာလဖြစ်ကြောင်း သိရသည်။