မြောက်ကိုရီးယားနှင့် တင်းမာမှုမြင့်တက်နေစဉ် တောင်ကိုရီးယားနျူအထူးကိုယ်စားလှယ် အမေရိကန်သို့ သွားရောက်

ကိုရီးယားနှစ်နိုင်ငံကြား ဆက်သွယ်ရေးရုံးကို ပြုံယမ်းက ဖောက်ခွဲကာ စစ်ရေးခြိမ်းခြောက်မှု လုပ်ဆောင်ခဲ့ပြီးနောက် မြောက်ကိုရီးယားနှင့် တင်းမာမှုမြင့်တက်နေစဉ် တောင်ကိုရီးယား နျူက လီးယား ညှိနှိုင်းရေး အကြီးအကဲ သည် ဝါရှင်တန်တွင် အရာရှိများ နှင့် ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်သည်။

တောင်ကိုရီးယားနှင့် နယ်စပ် ယောဆောင်မြို့ရှိ နှစ်ဖက် ဆက်ဆံရေးရုံးကို မြောက်ကိုရီးယားက ဖောက်ခွဲပြီး တောင်ကိုရီးယားနှင့် ဆွေးနွေးမှု အဆုံးသတ်ကြောင်း ကြေညာခဲ့ပြီးနောက် လီဒိုဟွန်း၏ ဝါရှင်တန်ခရီးစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။

လီဒိုဟွန်းသည် အမေရိကန် အရာရှိများနှင့် ဆွေးနွေးပွဲများ ပြုလုပ်မည်ဖြစ်ကာ ယင်းတွင် မြောက်ကိုရီးယားနှင့် နျူကလီးယားဖျက်သိမ်းရေး ဦးဆောင် ဆွေးနွေးခဲ့သူ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး စတီဖန်ဘီဂန်းနှင့် ဆွေးနွေးခြင်းလည်း ပါဝင်မည် ဖြစ်ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြော သည်။

လီဒိုဟွန်းနှင့် ဘီဂန်းက ကိုရီးယားကျွန်းဆွယ် လက်ရှိအခြေအနေကို အကဲဖြတ်ကာ တုံ့ပြန်မှုကို ဆွေးနွေးမည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ဌာနက ထုတ်ပြန်ပြောကြားသည်။

နိုင်ငံတကာ တားဆီးပိတ်ဆို့မှုများကြောင့် ကိုရီးယားနှစ်နိုင်ငံကြား စီးပွားရေးစီမံကိန်းများ ပြန်လည်ရေး ကြိုးပမ်းမှုများ ရပ်တန့် နေခဲ့ပြီးနောက် ထိတွေ့ဆက်ဆံရေးလုပ်ရန် တောင်ကိုရီးယား၏ တောင်းဆိုမှုကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်၏ ညီမ ကင်ယိုဂျုံကလည်း ၂၀၁၈ ငြိမ်း ချမ်းရေး သဘောတူညီချက်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်ခြင်းကြောင့် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်အား ပြင်းထန်စွာ ဝေဖန်ခဲ့သည်။ Ref: Reuters