႐ုရွား(Wagner) ေၾကးစား စစ္သည္မ်ားသည္ ဘီလာ႐ုနိုင္ငံအတြင္းသို႔ေရာက္ရွိလာၿပီးေနာက္ပိုင္း လတ္ဗီးယားနိုင္ငံ ႏွင့္ ဘီလာ႐ုနိုင္ငံတို႔အၾကား ႏွစ္နိုင္ငံ နယ္စပ္လုံျခဳံေရးဆိုင္ရာ ပဋိပကၡ အခ်ိဳ႕ ျဖစ္ေပၚေန

ၾသဂုတ္ ၁၆
တရားမဝင္ေရႊ႕ေျပာင္းေနထိုင္သူ ၉၆ဦးက နယ္စပ္ျဖတ္ေက်ာ္ရန္ ႀကိဳးပမ္းမႈမ်ား ျပဳလုပ္ခဲ့ၿပီးေနာက္ လတ္ဗီးယားနိုင္ငံ ကာကြယ္ေရးဝန္ႀကီးက ေဘာလ္တစ္ေဒသ နိုင္ငံမ်ား၏ မဟာမိတ္နိုင္ငံမ်ားျဖစ္သည့္ ႐ုရွား နိုင္ငံႏွင့္ ဘီလာ႐ုစ္နိုင္ငံ နယ္စပ္တို႔ကို ၎တို႔နိုင္ငံက ကာကြယ္နိုင္သြားရန္အတြက္ အသင့္ျပင္ထားၾကရန္ စစ္တပ္အား ၿပီးခဲ့သည့္ အဂၤါေန႔က အမိန႔္ေပးခဲ့တာျဖစ္ပါတယ္။
နယ္စပ္ ကင္းလွည့္ရာတြင္ ကူညီရန္အတြက္ နယ္ျခားေစာင့္အရာရွိမ်ားကိုလည္း ၎တို႔၏ အားလပ္ရက္အခ်ိန္အနားယူေနမႈမ်ားမွ ျပန္လည္ေခၚယူခဲ့ေၾကာင္းလည္းသိရပါတယ္။
လတ္ဗီးယားနိုင္ငံတြင္ “မ်ိဳးစပ္ ၿခိမ္းေျခာက္ မႈမ်ား တိုးလာနိုင္သည့္ သတင္းအခ်က္အလက္” ရွိေနေၾကာင္း နယ္ျခားေစာင့္တပ္က အဆိုပါ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထား တာလည္းျဖစ္ပါတယ္။
ဘီလာ႐ုနိုင္ငံမွ အာဏာပိုင္မ်ားသည္ တရားမဝင္ ေရႊ႕ေျပာင္းေနထိုင္သူမ်ား အား နယ္စပ္ျဖတ္ေက်ာ္မႈမ်ားတြင္ ပိုမို ပါဝင္ လာခဲ့သည္လို႔လည္း ဆိုထားပါတယ္။
EU အီးယူအဖြဲ႕ဝင္နိုင္ငံမ်ားျဖစ္သည့္ လတ္ဗီးယား၊ လစ္သူေယးနီးယား ႏွင့္ ပိုလန္တို႔သည္ ဘီလာ႐ုစ္နိုင္ငံ ႏွင့္ နယ္နိမိတ္ခ်င္း ထိစပ္ေနေသာ တရားမဝင္ နယ္စပ္ျဖတ္ ေက်ာ္မႈႏွင့္ပတ္သက္၍ ဘီလာ႐ုသမၼတ အလက္ဇႏၵားလူကာရွန္ကို၏ ဖိတ္ၾကားခ်က္မ်ားအရ ၿပီးခဲ့သည့္လပိုင္းက ရာႏွင့္ခ်ီေသာ ႐ုရွား Wagner ေၾကးစား စစ္သားမ်ား ဘီလာ႐ုစ္နိုင္ငံသို႔ ေရာက္ရွိ လာၿပီးေနာက္ပိုင္း ႏွစ္နိုင္ငံ နယ္စပ္ျဖတ္ ေက်ာ္မႈမ်ားအတြက္ စိုးရိမ္မႈမ်ား ျမင့္တတ္လာေနတာလည္းျဖစ္ပါတယ္။
Lukashenko ကလည္း ပိုလန္နိုင္ငံကို တိုက္ခိုက္ လိုေသာ Wagner တိုက္ခိုက္ေရးသမားမ်ားကို နိုင္ငံအတြင္း ဝင္ေရာက္ေနထိုင္မႈမ်ားကို တားျမစ္ထား ေၾကာင္း အႀကိမ္ေပါင္းမ်ားစြာ ေျပာခဲ့ထားပါတယ္ လို႔လည္း သတင္းဌာနမ်ား ကေဖာ္ျပေျပာဆိုထားၾကပါတယ္။

=====================================

ရုရှား(Wagner) ကြေးစား စစ်သည်များသည် ဘီလာရုနိုင်ငံအတွင်းသို့ရောက်ရှိလာပြီးနောက်ပိုင်း လတ်ဗီးယားနိုင်ငံ နှင့် ဘီလာရုနိုင်ငံတို့အကြား နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးဆိုင်ရာ ပဋိပက္ခ အချို့ ဖြစ်ပေါ်နေ

 

သြဂုတ် ၁၆

တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၉၆ဦးက နယ်စပ်ဖြတ်ကျော်ရန် ကြိုးပမ်းမှုများ ပြုလုပ်ခဲ့ပြီးနောက် လတ်ဗီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီးက ဘောလ်တစ်ဒေသ နိုင်ငံများ၏ မဟာမိတ်နိုင်ငံများဖြစ်သည့် ရုရှား နိုင်ငံနှင့် ဘီလာရုစ်နိုင်ငံ နယ်စပ်တို့ကို ၎င်းတို့နိုင်ငံက ကာကွယ်နိုင်သွားရန်အတွက် အသင့်ပြင်ထားကြရန် စစ်တပ်အား ပြီးခဲ့သည့် အင်္ဂါနေ့က အမိန့်ပေးခဲ့တာဖြစ်ပါတယ်။

နယ်စပ် ကင်းလှည့်ရာတွင် ကူညီရန်အတွက် နယ်ခြားစောင့်အရာရှိများကိုလည်း ၎င်းတို့၏ အားလပ်ရက်အချိန်အနားယူနေမှုများမှ ပြန်လည်ခေါ်ယူခဲ့ကြောင်းလည်းသိရပါတယ်။

လတ်ဗီးယားနိုင်ငံတွင် “မျိုးစပ် ခြိမ်းခြောက် မှုများ တိုးလာနိုင်သည့် သတင်းအချက်အလက်” ရှိနေကြောင်း နယ်ခြားစောင့်တပ်က အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထား တာလည်းဖြစ်ပါတယ်။

ဘီလာရုနိုင်ငံမှ အာဏာပိုင်များသည် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ အား နယ်စပ်ဖြတ်ကျော်မှုများတွင် ပိုမို ပါဝင် လာခဲ့သည်လို့လည်း ဆိုထားပါတယ်။

EU အီးယူအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် လတ်ဗီးယား၊ လစ်သူယေးနီးယား နှင့် ပိုလန်တို့သည် ဘီလာရုစ်နိုင်ငံ နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော တရားမဝင် နယ်စပ်ဖြတ် ကျော်မှုနှင့်ပတ်သက်၍ ဘီလာရုသမ္မတ အလက်ဇန္ဒားလူကာရှန်ကို၏ ဖိတ်ကြားချက်များအရ ပြီးခဲ့သည့်လပိုင်းက ရာနှင့်ချီသော ရုရှား Wagner ကြေးစား စစ်သားများ ဘီလာရုစ်နိုင်ငံသို့ ရောက်ရှိ လာပြီးနောက်ပိုင်း နှစ်နိုင်ငံ နယ်စပ်ဖြတ် ကျော်မှုများအတွက် စိုးရိမ်မှုများ မြင့်တတ်လာနေတာလည်းဖြစ်ပါတယ်။

Lukashenko ကလည်း ပိုလန်နိုင်ငံကို တိုက်ခိုက် လိုသော Wagner တိုက်ခိုက်ရေးသမားများကို နိုင်ငံအတွင်း ဝင်ရောက်နေထိုင်မှုများကို တားမြစ်ထား ကြောင်း အကြိမ်ပေါင်းများစွာ ပြောခဲ့ထားပါတယ် လို့လည်း သတင်းဌာနများ ကဖော်ပြပြောဆိုထားကြပါတယ်။