မူဆလင်များနိုင်ငံအတွင်း ၀င်ရောက်ခွင့် ပိတ်ပင်မည်ဟု ဆိုသော်လည်း လန်ဒန်မြို့တော်ဝန်အသစ်ကိုမူ ခြွင်းချက်ထားမည်ဟု ဒေါ်နယ်ထရန့်ပြော

13217347_1705655013008333_1331382623896979204_o

နယူးယောက် မေ ၁ဝ

သမ္မတလောင်း ဒေါ်နယ်ထရန့်သည် ၄င်းအဆိုပြုထားသည့် မူဆလင်များ အမေရိကန်နိုင်ငံအတွင်း ဝင်ရောက်ခွင့်ကို ပိတ်ပင်သည့် အဆိုပြုမှုနှင့်ပတ်သက်၍ လန်ဒန်မြို့တော် ဝန်အသစ်ကို ခြွင်းချက်ထားရမည်ဟု ပြောကြားခဲ့သည်။
လန်ဒန်မြို့တော်ဝန်အသစ်အဖြစ် ရွေးကောက်တင် မြှောက်ခံထားရသူမှာ ပါကစ္စတန်ရွှေ့ပြောင်းလုပ်သား ဘတ်စ်ကား ဒရိုင်ဘာတစ်ဦး၏ သားဖြစ်ပြီး တနင်္ဂနွေနေ့က လန်ဒန်မြို့တော်ဝန်အဖြစ် ရွေးကောက်တင်မြှောက်ခံရသည်။

မစ္စတာထရန့်အဆိုပြုထားသော မူဆလင်များ အမေရိကန်နိုင်ငံသို့ဝင်ရောက်ခွင့်ပိတ်ပင်သည့် အဆိုကြောင့် လန်ဒန်မြို့တော်ဝန်အသစ်သည် အကယ်၍ မစ္စတာထရန့် အမေရိကန်သမ္မတဖြစ်ခဲ့ပါက ¤င်းအနေဖြင့် အမေရိကန် နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ရှိမည်မဟုတ်ဟု လန်ဒန် မြို့တော်ဝန်အသစ် ဆာဒစ်ခန်က ပြောသည်။

မစ္စတာထရန့်သည်လွန်ခဲ့သောနှစ်က လူပေါင်း ၁၃ဝ သေဆုံးခဲ့သော ပါရီတိုက်ခိုက်မှုအပြီး မူဆလင်များကို အမေရိကန်နိုင်ငံအတွင်း ဝင်ရောက်ခွင့် မပြုဟူသော အဆိုပြု ချက်တစ်ခုကို စတင်မိတ်ဆက်ခဲ့သည်။ သို့သော် ခြွင်းချက်တစ်ခုတော့ရှိသည်ဟု ၄င်းက ပြောသည်။

အဆိုပါအဆိုပြုချက်နှင့်ပတ်သက်၍ ဝေဖန်မှုများစွာ ပေါ်ထွက်လာခဲ့သော်လည်း မစ္စတာထရန့်ကမူ အမေရိကန် ၏ လုံခြုံရေးအတွက် အရေးပါသည့် အဆိုပြုမှုတစ်ရပ်ဟု ပြောခဲ့သည်။

မစ္စတာ ခန် လန်ဒန်မြို့တော်ဝန်ဖြစ်လာခြင်းနှင့် ပတ်သက်၍ ကြိုဆိုကြောင်း ဒေါ်နယ်ထရန့်က ပြောသည်။
မစ္စတာ ခန် ကလည်း ¤င်းအနေဖြင့် အမေရိကန် သို့ သွားရောက်၍ အမေရိကန်ရှိ မြို့တော်ဝန်များနှင့်တွေ့ဆုံ လိုသည်ဟု ပြောခဲ့သည်။ ထို့ပြင် ဒေါ်နယ်ထရန့်၏ နိုင်ငံရေး ချဉ်းကပ်မှုများကို အမေရိကန် ပြည်သူများက လက်ခံမည် မဟုတ်ဟု ၄င်းက ဆက်လက်ပြောကြားသည်။      (ဘီဘီစီ)


Leave a Reply