ယူကရိန္းစစ္ပြဲအေရး ေဆြးေႏြးဖို႔ ႐ုရွားနိုင္ငံျခားေရးဝန္ႀကီး တ႐ုတ္သို႔ ထြက္ခြာ

႐ုရွားနိုင္ငံျခားေရးဝန္ႀကီး ဆာဂီလက္ဘေရာ့ဗ္ဟာ ယူကရိန္းစစ္ပြဲအပါအဝင္ အေရးႀကီးအေၾကာင္းအရာေတြကို ေဆြးေႏြးဖို႔အတြက္ ၿမိဳ႕ေတာ္ ေပက်င္းမွာ တ႐ုတ္နိုင္ငံျခားေရးဝန္ႀကီး ဝမ္ယိနဲ႔ ေတြ႕ဆုံသြားဖို႔ရွိေနတယ္လို႔ ေမာ္စကိုရွိ နိုင္ငံျခားေရးဝန္ႀကီး႒ာနက ေျပာဆိုပါတယ္။
လက္ဗေရာ့ဗ္ဟာ တနလၤာေန႔ကေန အဂၤါေန႔အထိ တ႐ုတ္နိုင္ငံကို သြားေရာက္မွာျဖစ္ၿပီး ေဆြးေႏြးမႈေတြဟာ အာရွ-ပစိဖိတ္ေဒသတြင္း အေျခအေနေတြကို လႊမ္းျခဳံနိုင္မယ္လို႔ ေမၽွာ္လင့္ရပါတယ္။
ကုလသမဂၢ၊ ဘရာဇီး၊ ႐ုရွား၊ အိႏၵိယ၊ တ႐ုတ္နဲ႔ ေတာင္အာဖရိကတို႔ပါဝင္တဲ့ အေရးပါေသာ ထြန္းသစ္စစီးပြားေရးအုပ္စု BRICS နဲ႔ စက္မႈဖြံ့ၿဖိဳးၿပီးအုပ္စု G-20 တို႔လို နိုင္ငံတကာအဖြဲ႕အစည္းေတြမွာ ပူးေပါင္းေဆာင္ရြက္ေရး မူေဘာင္နဲ႔ ပတ္သက္လို႔ ေဆြးေႏြးမႈအစီအစဥ္အမွာ ပါဝင္ဖို႔ေမၽွာ္လင့္ရတယ္လို႔လည္း ဆိုပါတယ္။
လက္ဗေရာ့ဗ္နဲ႔ ဝမ္တို႔ဟာ ေအာက္တိုဘာလက ေပက်င္းမွာတစ္ခါ စက္တင္ဘာလအတြင္းက ေမာ္စကိုမွာတစ္ခါ ေတြ႕ဆုံေဆြးေႏြးမႈေတြ လုပ္ထားခဲ့ပါတယ္။
ယူကရိန္းအေပၚ ႐ုရွားရဲ့ က်ဴးေက်ာ္မႈေၾကာင့္ အေနာက္နိုင္ငံေတြက ႐ုရွားကို ဖယ္က်ဥ္ဖို႔ ႀကိဳးပမ္းေနခ်ိန္မွာ တ႐ုတ္ဟာ ျပင္ပကေနၾကားေနေပးေနေပမယ့္ ႐ုရွားကို ေက်ာေထာက္ေနာက္ခံေပးထားၿပီး ကရင္မလင္ရဲ့ အေရးပါဆုံး မဟာမိတ္အျဖစ္ရွိေနဆဲျဖစ္ပါတယ္။
Ref: au.news

=========

ယူကရိန်းစစ်ပွဲအရေး ဆွေးနွေးဖို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး တရုတ်သို့ ထွက်ခွာ

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလက်ဘရော့ဗ်ဟာ ယူကရိန်းစစ်ပွဲအပါအဝင် အရေးကြီးအကြောင်းအရာတွေကို ဆွေးနွေးဖို့အတွက် မြို့တော် ပေကျင်းမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ တွေ့ဆုံသွားဖို့ရှိနေတယ်လို့ မော်စကိုရှိ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ပြောဆိုပါတယ်။
လက်ဗရော့ဗ်ဟာ တနင်္လာနေ့ကနေ အင်္ဂါနေ့အထိ တရုတ်နိုင်ငံကို သွားရောက်မှာဖြစ်ပြီး ဆွေးနွေးမှုတွေဟာ အာရှ-ပစိဖိတ်ဒေသတွင်း အခြေအနေတွေကို လွှမ်းခြုံနိုင်မယ်လို့ မျှော်လင့်ရပါတယ်။
ကုလသမဂ္ဂ၊ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိကတို့ပါဝင်တဲ့ အရေးပါသော ထွန်းသစ်စစီးပွားရေးအုပ်စု BRICS နဲ့ စက်မှုဖွံ့ဖြိုးပြီးအုပ်စု G-20 တို့လို နိုင်ငံတကာအဖွဲ့အစည်းတွေမှာ ပူးပေါင်းဆောင်ရွက်ရေး မူဘောင်နဲ့ ပတ်သက်လို့ ဆွေးနွေးမှုအစီအစဉ်အမှာ ပါဝင်ဖို့မျှော်လင့်ရတယ်လို့လည်း ဆိုပါတယ်။
လက်ဗရော့ဗ်နဲ့ ဝမ်တို့ဟာ အောက်တိုဘာလက ပေကျင်းမှာတစ်ခါ စက်တင်ဘာလအတွင်းက မော်စကိုမှာတစ်ခါ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ထားခဲ့ပါတယ်။
ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်မှုကြောင့် အနောက်နိုင်ငံတွေက ရုရှားကို ဖယ်ကျဉ်ဖို့ ကြိုးပမ်းနေချိန်မှာ တရုတ်ဟာ ပြင်ပကနေကြားနေပေးနေပေမယ့် ရုရှားကို ကျောထောက်နောက်ခံပေးထားပြီး ကရင်မလင်ရဲ့ အရေးပါဆုံး မဟာမိတ်အဖြစ်ရှိနေဆဲဖြစ်ပါတယ်။
Ref: au.news