ေန႔အပူခ်ိန္မ်ား ျမင့္တက္ေနမႈေၾကာင့္ ဖိလစ္ပိုင္တြင္ ေက်ာင္းမ်ား ယာယီပိတ္ထားရ

ဖိလစ္ပိုင္နိုင္ငံ၌ ယခုရက္ပိုင္းအတြင္း အပူလွိုင္း ျမင့္မားေနျခင္းေၾကာင့္ စာသင္ေက်ာင္းေထာင္ေပါင္းမ်ားစြာကို ယာယီပိတ္ထားရေၾကာင္း ပညာေရးဌာနက ဧၿပီ ၅ ရက္တြင္ ေျပာၾကားခဲ့သည္ဟု ေအအက္ဖ္ပီသတင္းဌာနက ေရးသားေဖာ္ျပထားသည္။
ဖိလစ္ပိုင္အစိုးရ၏ တရားဝင္ အခ်က္အလက္မ်ားအရ နိုင္ငံတစ္ဝန္းရွိ ေက်ာင္းေပါင္း ၅၂၈၈ ေက်ာင္းကို ယာယီ ပိတ္ထားျခင္း ျဖစ္သည္ဟု ဆိုသည္။
ပုံမွန္အားျဖင့္ ဖိလစ္ပိုင္နိုင္ငံတြင္ မတ္၊ ဧၿပီႏွင့္ ေမလမ်ားသည္ အပူဆုံးႏွင့္ အေျခာက္ေသြ႕ဆုံးလမ်ား ျဖစ္သကဲ့သို႔ ယခုႏွစ္တြင္မူအယ္လ္နီညိဳရာသီဥတုျဖစ္စဥ္ေၾကာင့္အေျခအေန ပိုဆိုးလာခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
ဖိလစ္ပိုင္နိုင္ငံရွိ ေက်ာင္းအမ်ားစု၌လည္း ေလေအးေပးစက္မရွိသျဖင့္ ေက်ာင္းသားမ်ားသည္ ေလဝင္ေလထြက္ မေကာင္းဘဲ လူျပည့္က်ပ္ေနေသာ စာသင္ခန္းမ်ားတြင္ စာသင္ေနၾကရသည္ဟု သိရသည္။ အခ်ိဳ႕ေက်ာင္းမ်ားသည္ တစ္ေန႔တာ၏ အပူဆုံးအခ်ိန္မ်ား၌ စာမသင္ရေစရန္ စာသင္ခ်ိန္မ်ားကိုေလၽွာ့ခ်ထားသည္ဟုလည္း သိရသည္။
ဖိလစ္ပိုင္နိုင္ငံရွိ ေဒသအမ်ားအျပားတြင္ အပူခ်ိန္မွာ အႏၲရာယ္ရွိသည့္ အဆင့္သို႔ ေရာက္ရွိေနၿပီး အပူခ်ိန္မွာ ၄၂ ဒီဂရီစင္တီဂရိတ္ သို႔မဟုတ္ ၄၃ ဒီဂရီစင္တီဂရိတ္ အထိျမင့္တက္ေနသည္ဟု သိရသည္။
သတင္း – စိန္သံ
ကိုးကား- AFP

=========

နေ့အပူချိန်များ မြင့်တက်နေမှုကြောင့် ဖိလစ်ပိုင်တွင် ကျောင်းများ ယာယီပိတ်ထားရ

ဖိလစ်ပိုင်နိုင်ငံ၌ ယခုရက်ပိုင်းအတွင်း အပူလှိုင်း မြင့်မားနေခြင်းကြောင့် စာသင်ကျောင်းထောင်ပေါင်းများစွာကို ယာယီပိတ်ထားရကြောင်း ပညာရေးဌာနက ဧပြီ ၅ ရက်တွင် ပြောကြားခဲ့သည်ဟု အေအက်ဖ်ပီသတင်းဌာနက ရေးသားဖော်ပြထားသည်။
ဖိလစ်ပိုင်အစိုးရ၏ တရားဝင် အချက်အလက်များအရ နိုင်ငံတစ်ဝန်းရှိ ကျောင်းပေါင်း ၅၂၈၈ ကျောင်းကို ယာယီ ပိတ်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။
ပုံမှန်အားဖြင့် ဖိလစ်ပိုင်နိုင်ငံတွင် မတ်၊ ဧပြီနှင့် မေလများသည် အပူဆုံးနှင့် အခြောက်သွေ့ဆုံးလများ ဖြစ်သကဲ့သို့ ယခုနှစ်တွင်မူအယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့်အခြေအနေ ပိုဆိုးလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဖိလစ်ပိုင်နိုင်ငံရှိ ကျောင်းအများစု၌လည်း လေအေးပေးစက်မရှိသဖြင့် ကျောင်းသားများသည် လေဝင်လေထွက် မကောင်းဘဲ လူပြည့်ကျပ်နေသော စာသင်ခန်းများတွင် စာသင်နေကြရသည်ဟု သိရသည်။ အချို့ကျောင်းများသည် တစ်နေ့တာ၏ အပူဆုံးအချိန်များ၌ စာမသင်ရစေရန် စာသင်ချိန်များကိုလျှော့ချထားသည်ဟုလည်း သိရသည်။
ဖိလစ်ပိုင်နိုင်ငံရှိ ဒေသအများအပြားတွင် အပူချိန်မှာ အန္တရာယ်ရှိသည့် အဆင့်သို့ ရောက်ရှိနေပြီး အပူချိန်မှာ ၄၂ ဒီဂရီစင်တီဂရိတ် သို့မဟုတ် ၄၃ ဒီဂရီစင်တီဂရိတ် အထိမြင့်တက်နေသည်ဟု သိရသည်။
သတင်း – စိန်သံ
ကိုးကား- AFP