ဖိလစ်ပိုင် လက်ဝှေ့ကျော် ပက်ကွီအို အထက်လွှတ်တော်အမတ် ဖြစ်လာရန် သေချာသလောက်နီးပါး ရှိလာ

surveys-show-pacquiao-is

မေလ ၁၀ ရက်က ရွေးကောက်ပွဲရလဒ်များအရ  ဖိလစ်ပိုင် နိုင်ငံသား ကမ္ဘာ့လက်ဝှေ့ကျော် မန်နီ ပက်ကွီအိုသည် နိုင်ငံ၏ အထက်လွှတ်တော် အမတ်တစ်နေရာ အနိုင်ရရှိရန် သေချာသလောက်နီးပါး ဖြစ်ခဲ့ပြီဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ယင်းအတွက်ကြောင့် ရှေ့လာမည့်ကာလတွင် ဖိလစ်ပိုင် သမ္မတ ရာထူးတာဝန် ရယူနိုင်ရန် မက်ခဲ့သော ၎င်း၏ အိပ်မက်သည်လည်း ပိုမို နီးစပ်လာခဲ့ပြီဟု သိရသည်။

လမ်းဘေးတွင် ပြေးလွှားဆော့ကစားနေခဲ့သော ကလေးငယ်တစ်ဦးအဖြစ်မှ နိုင်ငံတွင် အကျော်ကြားဆုံး ဟီးရိုးတစ်ဦး ဖြစ်လာခဲ့သော အသက် ၃၇ နှစ် ရှိ လက်ဝှေ့ကျော် ပက်ကွီအိုသည်   နိုင်ငံရေးလောကထဲသို့ ခြေစုံပစ် ၀င်ရောက်နိုင်ရန် ပြီးခဲ့သည့်လကမှ လက်ဝှေ့ထိုးခြင်းမှ အနားယူထားခဲ့သူဖြစ်သည်။

တနင်္လာနေ့က ဆန္ဒမဲရလဒ်များ ရေတွက်ပြီးစီးမှုအရ ဖိလစ်ပိုင်လက်ဝှေ့ကျော်မှာ မဲအရေအတွက် ပေါင်း ၁၄ ဒသမ ၉၄ သန်း ရရှိထားပြီ ဖြစ်သဖြင့် စီးနိတ်သို့ ၀င်ရောက်ရန် လုံလောက်သည့် မဲအရေအတွက်ထက်ပင် ကျော်လွန် ရရှိသွားပြီဖြစ်သည်။

ယခု ရလဒ်များအရ အထက်လွှတ်တော် အမတ်ကိုယ်စားလှယ်နေရာ ၅၀ အနက် ပက်ကွီအိုက နံပါတ်ရှစ်နေရာတွင် ရရှိထားရာ အဆိုပါ ကိုယ်စားလှယ်များအတွင်း မဲအများဆုံးရရှိသည့် ထိပ်ဆုံး ၁၂ ဦးမှာ နိုင်ငံတွင် အာဏာထက်လှသော တရားရေးအဖွဲ့အစည်း ဖြစ်သည့် အထက်လွှတ်တော်သို့ အလိုအလျောက် ၀င်ရောက်ခွင့် ရရှိကြမည်ဖြစ်သည်။   Mizzima


Leave a Reply