ပူတင်၏ ဦးနှောက်အဖြစ် တင်စားခံရသူ၏သမီး ကားဗုံးကွဲသေဆုံး

ပူတင်ရဲ့ ဦးနှောက်လို တင်စားခံရတဲ့ ရုရှားရဲ့ ဩဇာကြီး နိုင်ငံရေးသမားတစ်ယောက်ရဲ့ သမီးဟာ မော်စကို မြိုတော်မှာ ကားဗုံးပေါက်ကွဲမှုအတွင်း သေဆုံးသွားပါတယ်။  အသက်၂၉နှစ်အရွယ် ဒါရီယန္ဒူဂီနာ ဆိုသူ အဲဒီအမျိုးသမီးဟာ စနေနေ့ညက သူရဲ့ကားကို မောင်းနှင်နေစဉ်မှာပဲ ကားဗုံးပေါက်ကွဲပြီး သေဆုံးသွားခဲ့တယ်လို  ရုရှားစုံစမ်းစစ်ဆေးရေး ကော်မီတီက  ကနဦး သတင်းအချက်အလက်တွေကို ကိုကားပြီး ပြောပါတယ်။

လတ္တေလာမွာ အဲဒီကားဗုံးပေါက်မှုနဲ့ ပတ်သက်ပြီး တာဝန္ခံတဲ့ အဖွဲအစည်းမရှိသေးပါဘူး။ ဒါပေမယ့်အခုကားဗုံးခွဲမှုရဲ့ အဓိကပစ်မှတ်ဟာ သူရဲ့ ဖခင်ဖြစ်တဲ့ အမျိုးသားရေးဝါဒီ စာရေးဆရာနဲ့ အတွေးအခေါ် ပညာရှင် အလက်ဇန်းဒါး ဒူဂင်ဖြစ်မယ်လို ယူဆမှုတွေ မြင့်တက်နေပါတယ်။  ဒူဂင်ရဲ့ သမီးဟာ ယဉ်ကျေးမှု အခမ်းအနားတစ်ခုကနေ ဖခင်ရဲ့ကားနဲ့ ပြန်လာစဉ်မှာ ပေါက်ကွဲမှုနဲ့ ကြုံခဲ့တာပါ။ အစက အဲဒီကားကို ဒူဂင်မောင်းဖိုဖြစ်ပေမယ့် နောက်ဆုံးမှာ ကားပြောင်းစီးခဲ့တာလို ဆိုပါတယ်။

အလက်ဇန်းဒါး ဒူဂင်ဟာ ပူတင်ရဲ့ လုပ်ရပ်ကို အားပေးထောက်ခံသူတစ်ယောက်ဖြစ်ပါတယ်။ ကရိုင်မီးယားကို ရုရှားက တိုက်ခိုက်တဲ့ လုပ်ရပ်ကို မှန်ကန်ကြောင်း အေရးဆိုတဲ့ အယူအဆကို မြှင့်တင်သူလည်းဖြစ်ပါတယ်။  အခု ကားဗုံးကြဲမွုမွာ သေဆုံးသူတဲ့ သူရဲ့ သမီး ဒါရီယန်ဒူဂီဟာလည်း နိုင်ငံရေးလေ့လာသုံးသပ်သူအဖြစ် လုပ်ကိုင်ပြီး   အမျိုးသားရေးဝါဒ အလေးပေးတဲ့ ဇာဂရက် ချန်နယ်မှာ အလားတူ အယူအဆမျိုးကို ဖော်ပြပြောဆိုလေ့ရှိပါတယ်။

အခုလို ကားဗုံးပေါက်ကွဲမှုမျိုးဟာ ရုရှားနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ကိစ္စဖြစ်တာကြောင့် ယူကရိန်း နဲ့ ရုရှားတင်းမားမှု ပိုမိုမြင့်တက်လာဖွယ်ရှိနေပါတယ်။ ရုရှားလိုလားတဲ့ ယူကရိန်းခွဲထွက်ရေးသူပုန်တွေက ကားဗုံးကြဲမွုဟာ ယူကရိန်းရဲ့ လက္ခ်က္လို ပြစ်တင်စွပ်စွဲနေကြပါတယ်။  BBC