Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၄၂) ဦး တွေ့ရှိ

COVID-19 ဓာတ်ခွဲနမူနာ ၈၁၈၆ ခုအား စစ်ဆေးရာ ပြည်ပမှဝင်ရောက်လာသူ ၁၄ ဦးနှင့် ပြည်တွင်းမှ ၂၈ ဦး စုစုပေါင်း ၄၂ ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိပြီး သေဆုံးသူမရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏  ဩဂုတ် ၂၂ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။အဆိုပါ ဓာတ်ခွဲစစ်ဆေးမှုများမှာ ဩဂုတ် ၂၁ ရက်  ည ၈ ညနာရီမှ ဩဂုတ် ၂၂ ရက် ည ၈ နာရီအထိ စစ်ဆေးခဲ့သည့် စစ်ဆေးမှုများဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် ဩဂုတ် ၂၂ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း  ၈၆၇၅၂၉၂  ခုအား စစ်ဆေးခဲ့ပြီး ဓာတ်ခွဲအတည်ပြုလူနာပေါင်း  ၆၁၄၆၉၆ ဦး ရှိကာ  သေဆုံးသူ မရှိကြောင်း၊ ထို့ကြောင့် ဩဂုတ် ၂၂ ရက်အထိ သေဆုံးသူစုစုပေါင်း ၁၉၄၃၇ ဦးရှိပြီဖြစ်ကြောင်း သိရသည်။ထို့ပြင် ဩဂုတ် ၂၂ ရက်တွင် ပြန်လည်ကောင်းမွန်လာသူ  ၂၃ ဦးရှိသဖြင့်  ဩဂုတ် ၂၂ ရက်အထိ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း ၅၉၃၂၅၄ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာများအနက် သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာများအား COVID-19 ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စစ်ဆေးခြင်း လုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ပြည်ပမှ ဝင်ရောက်လာသူများနှင့် ပြည်တွင်းတွင် ကူးစက်ဖြစ်ပွားသူများတွင် အိုမီခရွန်မျိုးရိုးဗီဇပြောင်းရောဂါပိုး  BA.4၊ BA.5၊ BA.2.75 နှင့် BA.2.76 တို့ ကူးစက်မှုများရှိနေ‌ကြောင်း တွေ့ရှိရသည်ဟု ကျန်းမာ‌ေ‌ရးဝန်းကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ယင်းအပြင် COVID-19 ရောဂါကာကွယ်ဆေးထိုးနှံထားခြင်းအားဖြင့် ရောဂါကူးစက်ဖြစ်ပွားမှု၊ ရောဂါ ပြင်းထန်မှုနှင့် သေဆုံးမှုတို့ကို လျှော့ချပေးနိုင်သည်ဖြစ်ရာ အသက် ၅ နှစ်နှင့်အထက် ပြည်သူများအားလုံးသည် COVID-19 ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံထားရှိရန် လိုအပ်သည့်အပြင် အသက် ၁၈ နှစ်နှင့်အထက် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပြီးစီးမှုကာလ ၆ လ ရှိနေသောသူများသည်လည်း ထပ်ဆောင်း COVID-19 ရောဂါကာကွယ်ဆေး ထပ်မံထိုးနှံရန် လိုအပ်‌ကြောင်း ကျန်းမာရးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ MOH