ရီပတ်ဘရီကန်သမ္မတလောင်းအဖြစ် ဒေါ်နယ်ထရန့် အနိုင်ရ

Republican presidential candidate Donald Trump smiles as he speaks during a primary night news conference, Tuesday, May 3, 2016, in New York. (AP Photo/Mary Altaffer)

ဝါရှင်တန်၊ မေ ၅ ။              ။ အမေရိကန်နိုင်ငံတွင် ကျင်းပနေသည့် ပါတီသမ္မလောင်းရွေးကောက်ပွဲများတွင် အင်ဒီယာနားပြည်နယ်ရွေးကောက်ပွဲတွင် ရီပတ်ဘရီကန်သမ္မတလောင်းရွေးကောက်ပွဲ၌ တဒ်ခရုဇ်က ဒေါ်နယ်ထရန့်ကို အပြတ်အသတ် ရှုံးနိမ့်ကာ မဲဆွယ်စည်းရုံးရေးများမှ ထွက်ခွာသွားရပြီဖြစ်သည်။

ပါတီတွင် အများစုအကြိုက်မတွေ့သည့် နယူးယောက်စီးပွားရေးသမားတစ်ဦးဖြစ်သည့် ထရန့်က ပါတီသမ္မတလောင်းအဖြစ် ရွေးကောက်ခံရဖို့ရန် ကျိန်းသေ သွားပြီလည်း ဖြစ်သည်။

အစောပိုင်းက ခရုဇ်သည် ဒေါနယ်ထရန့်အား သမ္မတထိုင်ခံနှင့် မထိုက်တန်သည့် လူလိမ်တစ်ဦးအဖြစ် ပြောဆိုထိုးနှက် ထားခဲ့သည်။

ဒီမိုကရက်တစ်ပါတီ ယှဉ်ပြိုင်မှုတွင် အင်ဒီယာနားရွေးကောက်ပွဲ၌ ဟီလာရီကလင်တန်ကို ဘာနေးဆန်ဒါးက အနိုင်ရ နေသည်။

ရွေးကောက်ပွဲများတွင် ဆန်ဒါးက ဟီလာရီကလင်တန်နောက် လိုက်နေခဲ့ရသော်လည်း ယခုအင်ဒီယာနားပြည်နယ်တွင် အနိုင်ရခြင်းကြောင့် ပြိုင်ပွဲက ဆက်နေဦးမှာ ဖြစ်ကြောင်း ဆန်ဒါးက ပြောသည်။

“ကလင်တန်တို့ဖက်ကတော့ မဲဆွယ်မှုလုပ်ငန်းစဉ်တွေ ပြီးပြီလို့ တွေးကြတယ်။ သူတို့တွေ အတွေးမှားတာပါပဲ။”ဟု ဆန်ဒါးက ပြောခဲ့သည်။

(BBC)


Leave a Reply