အေမရိကန္ နိုင္ငံသည္ ၎တို႔နိုင္ငံထုတ္ ၁၅၅ မီလီမီတာ အေျမႇာက္က်ည္မ်ားကို လာမည့္ ၂၀၂၅ခုႏွစ္တြင္ ၁လလၽွင္ ၁၀၀,၀၀၀ထိ တိုးျမႇင့္ထုတ္လုပ္သြားရန္ ေမၽွာ္မွန္းထား

စက္တင္ဘာ ၁၈

US အေမရိကန္နိုင္ငံ သည္ လာမည့္ ၂၀၂၅ခုႏွစ္ တြင္ ၁၅၅ mm က်ည္မ်ားကို တစ္လလၽွင္ ၁၀၀,၀၀၀ထိ တိုးျမႇင့္ထုတ္လုပ္သြား မည္ျဖစ္တယ္လို႔ အေမရိကန္ ပင္တဂြန္မွ တရားဝင္ထုတ္ျပန္ေၾကညာထားပါတယ္။
အေမရိကန္နိုင္ငံ ပင္တဂြန္ ၏အဆိုအရ လက္ရွိအခ်ိန္တြင္ ၎တို႔၏ထုတ္လုပ္မႈသည္ တစ္လလၽွင္ ၂၈၀၀၀ ျဖစ္ေၾကာင္းလည္း ထုတ္ျပန္ေၾကညာထားပါတယ္။
အေမရိကန္အစိုးရသည္ ၁၅၅ မီလီမီတာ အေျမာက္က်ည္မ်ားကိုလာမည့္ ၂၀၂၅ ခုႏွစ္တြင္ တစ္လလၽွင္ ၁၀၀,၀၀၀ ထိ တိုးျမႇင့္ထုတ္လုပ္နိုင္ရန္ စီစဥ္ေနေၾကာင္း အေမရိကန္ နိုင္ငံ၏ စစ္လက္နက္ ေရာင္းခ် ဝယ္ယူေရး ႏွင့္ ေထာက္ပံ့ပို႔ေဆာင္ေရးဆိုင္ရာ အေမရိကန္ လက္ေထာက္ကာကြယ္ေရးဝန္ႀကီး Bill Laplant က အေမရိကန္ ၿပီးခဲ့သည့္ စက္တင္ဘာ ၁၅ရက္ေန႔တြင္ ဝါရွင္တန္ စင္တာအတြင္း က်င္းပျပဳလုပ္ခဲ့သည့္ သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့တာ လည္းျဖစ္ပါတယ္။
“က်ေနာ္တို႔ကလာမည့္ ၂၀၂၅ မွာ တစ္လကို ၁၅၅ mm က်ည္ ၁၀၀,၀၀၀ ထိ ထုတ္လုပ္ရဖို႔ရွိပါတယ္။ လြန္ခဲ့တဲ့ ​၆ လကေန ၈လေလာက္ထိ တစ္လကို ၁၄၀၀ ထိရွိပါတယ္။ အခု တစ္လ၂၈၀၀၀ ထိ ရွိေနပါတယ္”လို႔ ၎ကေျပာၾကားခဲ့တာ ျဖစ္ပါတယ္လို႔ သတင္းဌာနမ်ားကေဖာ္ျပေျပာဆိုထားပါတယ္။

=============================

အမေရိကန် နိုင်ငံသည် ၎င်းတို့နိုင်ငံထုတ် ၁၅၅ မီလီမီတာ အမြှောက်ကျည်များကို လာမည့် ၂၀၂၅ခုနှစ်တွင် ၁လလျှင် ၁၀၀,၀၀၀ထိ တိုးမြှင့်ထုတ်လုပ်သွားရန် မျှော်မှန်းထား

စက်တင်ဘာ ၁၈

US အမေရိကန်နိုင်ငံ သည် လာမည့် ၂၀၂၅ခုနှစ် တွင် ၁၅၅ mm ကျည်များကို တစ်လလျှင် ၁၀၀,၀၀၀ထိ တိုးမြှင့်ထုတ်လုပ်သွား မည်ဖြစ်တယ်လို့ အမေရိကန် ပင်တဂွန်မှ တရားဝင်ထုတ်ပြန်ကြေညာထားပါတယ်။

အမေရိကန်နိုင်ငံ ပင်တဂွန် ၏အဆိုအရ လက်ရှိအချိန်တွင် ၎င်းတို့၏ထုတ်လုပ်မှုသည် တစ်လလျှင် ၂၈၀၀၀ ဖြစ်ကြောင်းလည်း ထုတ်ပြန်ကြေညာထားပါတယ်။

အမေရိကန်အစိုးရသည် ၁၅၅ မီလီမီတာ အမြောက်ကျည်များကိုလာမည့် ၂၀၂၅ ခုနှစ်တွင် တစ်လလျှင် ၁၀၀,၀၀၀ ထိ တိုးမြှင့်ထုတ်လုပ်နိုင်ရန် စီစဉ်နေကြောင်း အမေရိကန် နိုင်ငံ၏ စစ်လက်နက် ရောင်းချ ဝယ်ယူရေး နှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အမေရိကန် လက်ထောက်ကာကွယ်ရေးဝန်ကြီး Bill Laplant က အမေရိကန် ပြီးခဲ့သည့် စက်တင်ဘာ ၁၅ရက်နေ့တွင် ဝါရှင်တန် စင်တာအတွင်း ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့တာ လည်းဖြစ်ပါတယ်။

“ကျနော်တို့ကလာမည့် ၂၀၂၅ မှာ တစ်လကို ၁၅၅ mm ကျည် ၁၀၀,၀၀၀ ထိ ထုတ်လုပ်ရဖို့ရှိပါတယ်။ လွန်ခဲ့တဲ့ ​၆ လကနေ ၈လလောက်ထိ တစ်လကို ၁၄၀၀ ထိရှိပါတယ်။ အခု တစ်လ၂၈၀၀၀ ထိ ရှိနေပါတယ်”လို့ ၎င်းကပြောကြားခဲ့တာ ဖြစ်ပါတယ်လို့ သတင်းဌာနများကဖော်ပြပြောဆိုထားပါတယ်။