ပရီးမီးယားလိဂ္ တစ္လတာအေကာင္းဆုံးဆုေတြကို မက္ဒီဆင္နဲ႔ ပို႔စ္တီကိုဂလူးတို႔ရရွိ

စက္တင္ဘာ ၁၈
စပါးအသင္းမန္ေနဂ်ာသစ္ပို႔စ္တီဂလူးနဲ႔ ကြင္းလယ္ကစားသမားသစ္ ဂ်ိမ္းစ္မက္ဒီဆန္တို႔က ဩဂုတ္လအတြက္ ပရီးမီးယားလိဂ္တစ္လတာအေကာင္းဆုံးဆုမ်ားကို ဆြတ္ခူးရယူသြားနိုင္ခဲ့ေၾကာင္း သိရပါတယ္။
အဂၤလန္ကြင္းလယ္ကစားသမားလည္းျဖစ္တဲ့ မက္ဒီဆင္ဟာ အခုေႏြရာသီမွာ လက္စတာကေန ေျပာင္းေရႊ႕လာကတည္းက စပါးအသင္းအတြက္ ေျခစြမ္းျပကစားေနသူျဖစ္ပါတယ္။
မက္ဒီဆင္ဟာ ၾသဂုတ္လမွာကစားခဲ့တဲ့ ဘရန္ဖို႔ဒ္နဲ႔သူ႔ရဲ့စပါးကစားသမားဘဝအဖြင့္ပြဲမွာ ဖန္တီးမႈ(၂)ႀကိမ္လုပ္နိုင္ခဲ့သလို ဘုန္းေမာက္ကို အနိုင္ရခဲ့တဲ့ပြဲမွာလည္း တစ္ဂိုးသြင္းယူခဲ့ပါတယ္။
စပါးနည္းျပပို႔စ္တီကိုဂလူးကလည္း ရာသီအစမွာရလဒ္ေကာင္းေတြရရွိခဲ့တာေၾကာင့္ ၾသဂုတ္လအတြက္ အေကာင္းဆုံးနည္းျပဆုကို ရရွိခဲ့ပါတယ္။
မက္ဒီဆန္ဟာ ၂၀၂၂ ခုႏွစ္ မတ္လတြင္ ဆုေရြးခ်ယ္ခ်ီးျမႇင့္ျခင္းခံခဲ့ရေသာ ဟယ္ရီကိန္း ရရွိခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္ တစ္လတာအေကာင္းဆုံးကစားသမားဆုကို ဆြတ္ခူးနိုင္သည့္ ပထမဆုံးစပါးကစားသမားအျဖစ္ မွတ္တမ္းဝင္သြားခဲ့ေၾကာင္း သိရပါတယ္။

==========================

ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးဆုတွေကို မက်ဒီဆင်နဲ့ ပို့စ်တီကိုဂလူးတို့ရရှိ

စက်တင်ဘာ ၁၈
စပါးအသင်းမန်နေဂျာသစ်ပို့စ်တီဂလူးနဲ့ ကွင်းလယ်ကစားသမားသစ် ဂျိမ်းစ်မက်ဒီဆန်တို့က ဩဂုတ်လအတွက် ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးဆုများကို ဆွတ်ခူးရယူသွားနိုင်ခဲ့ကြောင်း သိရပါတယ်။
အင်္ဂလန်ကွင်းလယ်ကစားသမားလည်းဖြစ်တဲ့ မက်ဒီဆင်ဟာ အခုနွေရာသီမှာ လက်စတာကနေ ပြောင်းရွှေ့လာကတည်းက စပါးအသင်းအတွက် ခြေစွမ်းပြကစားနေသူဖြစ်ပါတယ်။
မက်ဒီဆင်ဟာ သြဂုတ်လမှာကစားခဲ့တဲ့ ဘရန်ဖို့ဒ်နဲ့သူ့ရဲ့စပါးကစားသမားဘဝအဖွင့်ပွဲမှာ ဖန်တီးမှု(၂)ကြိမ်လုပ်နိုင်ခဲ့သလို ဘုန်းမောက်ကို အနိုင်ရခဲ့တဲ့ပွဲမှာလည်း တစ်ဂိုးသွင်းယူခဲ့ပါတယ်။
စပါးနည်းပြပို့စ်တီကိုဂလူးကလည်း ရာသီအစမှာရလဒ်ကောင်းတွေရရှိခဲ့တာကြောင့် သြဂုတ်လအတွက် အကောင်းဆုံးနည်းပြဆုကို ရရှိခဲ့ပါတယ်။
မက်ဒီဆန်ဟာ ၂၀၂၂ ခုနှစ် မတ်လတွင် ဆုရွေးချယ်ချီးမြှင့်ခြင်းခံခဲ့ရသော ဟယ်ရီကိန်း ရရှိခဲ့ပြီးနောက် ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်သည့် ပထမဆုံးစပါးကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ကြောင်း သိရပါတယ်။