ၾသစေၾတးလ် အစိုးရအဖွဲ့မှ ဝန်ကြီး ၁၀ ဦး နုတ်ထွက်စာတင်

နိုင်ငံရေးအကွဲအပြဲဖြစ်နေတဲ့ သြစတြေးလျ အစိုးရအဖွဲ့မှာ လက်ရှိဝန်ကြီးချုပ် မယ်လ်ကွန်တန်ဘူးလ်ရဲ့ ခေါင်းဆောင်မှုကို မကျေနပ်တဲ့အတွက် စုစုပေါင်း ဝန်ကြီး ၁၀ ဦး ရာထူးကနေ နုတ်ထွက်စာ တင်လိုက်ပါတယ်။

အဲဒီ ၁၀ ဦးထဲက သူ့ရဲ့ရန်သူဖြစ်တဲ့ ပြည်ထဲရေးဝန်ကြီး ပီတာဒပ်တန်နဲ့ တခြားတဦးရဲ့ နုတ်ထွက်စာကိုပဲ ဝန်ကြီးချုပ် တန်ဘူးလ်က လက်ခံခဲ့ပါတယ်။ ကျန် ၈ ဦးရဲ့ နုတ်ထွက်စာတွေကိုတော့ ဆိုင်းငံ့ထားဆဲ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် တန်ဘူးလ်ရဲ့ စွမ်းအင်မူဝါဒနဲ့ ညံ့ဖျင်းတဲ့ ရွေးကောက်ပွဲ မဲစနစ်တွေကြောင့် သူ့ရဲ့ခေါင်းဆောင်မှုအပေါ် လစ်ဘရယ်ပါတီတွင်း ပြင်းပြင်းထန်ထန် ဝေဖန်နေပါတယ်။ ဒီ့အတွက် လက်ရှိပါတီခေါင်းဆောင် ဝန်ကြီးချုပ် တန်ဘူးလ်နဲ့ သူ့ကိုဖြုတ်ချဖို့ ကြိုးစားတဲ့ ပြည်ထဲရေးဝန်ကြီး ဒပ်တန်တို့အကြား ပါတီတွင်း မဲခွဲဆုံးဖြတ်ရာမှာ မစ္စတာတန်ဘူးလ်က ၁၃ မဲအသာနဲ့ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် ဝန်ကြီးချုပ် တန်ဘူးလ်အနေနဲ့ ဒုတိယအကျော့ မဲခွဲဆုံးဖြတ်မှုကို လာမဲ့ ကြာသပတေးနေ့မှာ ထပ်မံရင်ဆိုင်ရဖို့ရှိကြောင်း ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။ 

DVB