“လက္ဘႏြန္နိုင္ငံအတြင္းရွိ အေမရိကန္ သံ႐ုံး အား အမည္မသိ အဖြဲ႕ က လက္နက္ ငယ္မ်ားျဖင့္ ပစ္ခတ္တိုက္ ခိုက္မႈမ်ားျဖစ္ပြားခဲ့”

စက္တင္ဘာ ၂၁
လက္ဘႏြန္နိုင္ငံ ေျမာက္ဘက္စြန္းပိုင္း Awkar ေဒသရွိ အေမရိကန္နိုင္ငံ သံ႐ုံး အား လက္နက္ ငယ္မ်ားျဖင့္ ပစ္ခက္ တိုက္ခိုက္မႈ ျဖစ္ပြားခဲ့ တာျဖစ္ပါတယ္။
ျဖစ္စဥ္မွာ လိုင္စင္နံပါတ္ျပားမပါေသာ ေလးဘီး ယက္ ကားတစ္စီးအတြင္းမွ လက္ဘႏြန္နိုင္ငံ Awkar ေဒသရွိ အေမရိကန္သံ႐ုံး၏ ပင္မဝင္ေပါက္ကို ပစ္ခတ္ခဲ့ၿပီး အေမရိကန္ သံ႐ုံး၏ စစ္ကားတစ္စီးကိုလည္း အဆိုပါပစ္ခတ္မႈမ်ားျပဳလုပ္ေနသည့္ ကားက ဝင္တိုက္ ခဲ့ပါတယ္။
လက္ဘႏြန္နိုင္ငံ ရွိ အေမရိကန္သံ႐ုံးအနီးတြင္ ၿပီးခဲ့သည့္ စက္တင္ဘာ ၂၀ရက္ ဗုဒၶဟူးေန႔ေႏွာင္းပိုင္းအခ်ိန္ခန္႔က ေသနတ္ ပစ္ခတ္မႈျဖစ္ပြားခဲ့ေသာ္လည္း ထိခိုက္ ဒဏ္ရာရရွိမႈမရွိေၾကာင္း အဆိုပါ အေမရိကန္သံ႐ုံး၏ ေျပာေရးဆိုခြင့္ရွိသူ Jake Nelson က ေျပာၾကားခဲ့ပါတယ္။
“ေဒသစံေတာ္ခ်ိန္ ည ၁၀:၃၇ နာရီအခ်ိန္မွာ လက္နက္ငယ္မ်ားနဲ႔ သံ႐ုံးအတြင္း ပစ္ခတ္မႈ ျဖစ္ပြားခဲ့တယ္လို႔ သတင္းေပးပို႔ထားပါတယ္။ ထိခိုက္ဒဏ္ရာရသူ မရွိသလို ကၽြန္ေတာ္တို႔ရဲ့ အေဆာက္အဦ လည္း လုံျခဳံပါတယ္။ အိမ္ရွင္နိုင္ငံ ဥပေဒစိုးမိုးေရး အာဏာပိုင္ေတြနဲ႔ အနီးကပ္ ဆက္သြယ္ၿပီးပါၿပီ”လို႔ Nelson ေျပာၾကားခဲ့ပါတယ္။
ထို႔ေနာက္ လြန္ခဲ့သည့္ ၁၉၈၃ခုႏွစ္တြင္ လက္ဘႏြန္နိုင္ငံ ေဘရြတ္ရွိ အေမရိကန္ သံ႐ုံးအား အေသခံဗုံးခြဲတိုက္ခိုက္ခံခဲ့ရၿပီး သံ႐ုံး ဝန္ထမ္းမ်ား အပါအဝင္ လူ ၆၀ ေက်ာ္ ေသဆုံးခဲ့ရၿပီးေနာက္ အေမရိကန္ သံ႐ုံးအား ေဘရြတ္ မွ Awkar သို႔ ေျပာင္းေရႊ႕ ခဲ့ၾကရတာျဖစ္ပါတယ္လို႔ သတင္းဌာန မ်ားကေဖာ္ျပေျပာဆိုထားၾကပါတယ္။

==============================

“လက်ဘနွန်နိုင်ငံအတွင်းရှိ အမေရိကန် သံရုံး အား အမည်မသိ အဖွဲ့ က လက်နက် ငယ်များဖြင့် ပစ်ခတ်တိုက် ခိုက်မှုများဖြစ်ပွားခဲ့”

စက်တင်ဘာ ၂၁
လက်ဘနွန်နိုင်ငံ မြောက်ဘက်စွန်းပိုင်း Awkar ဒေသရှိ အမေရိကန်နိုင်ငံ သံရုံး အား လက်နက် ငယ်များဖြင့် ပစ်ခက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ တာဖြစ်ပါတယ်။
ဖြစ်စဥ်မှာ လိုင်စင်နံပါတ်ပြားမပါသော လေးဘီး ယက် ကားတစ်စီးအတွင်းမှ လက်ဘနွန်နိုင်ငံ Awkar ဒေသရှိ အမေရိကန်သံရုံး၏ ပင်မဝင်ပေါက်ကို ပစ်ခတ်ခဲ့ပြီး အမေရိကန် သံရုံး၏ စစ်ကားတစ်စီးကိုလည်း အဆိုပါပစ်ခတ်မှုများပြုလုပ်နေသည့် ကားက ဝင်တိုက် ခဲ့ပါတယ်။
လက်ဘနွန်နိုင်ငံ ရှိ အမေရိကန်သံရုံးအနီးတွင် ပြီးခဲ့သည့် စက်တင်ဘာ ၂၀ရက် ဗုဒ္ဓဟူးနေ့နှောင်းပိုင်းအချိန်ခန့်က သေနတ် ပစ်ခတ်မှုဖြစ်ပွားခဲ့သော်လည်း ထိခိုက် ဒဏ်ရာရရှိမှုမရှိကြောင်း အဆိုပါ အမေရိကန်သံရုံး၏ ပြောရေးဆိုခွင့်ရှိသူ Jake Nelson က ပြောကြားခဲ့ပါတယ်။
“ဒေသစံတော်ချိန် ည ၁၀:၃၇ နာရီအချိန်မှာ လက်နက်ငယ်များနဲ့ သံရုံးအတွင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သတင်းပေးပို့ထားပါတယ်။ ထိခိုက်ဒဏ်ရာရသူ မရှိသလို ကျွန်တော်တို့ရဲ့ အဆောက်အဦ လည်း လုံခြုံပါတယ်။ အိမ်ရှင်နိုင်ငံ ဥပဒေစိုးမိုးရေး အာဏာပိုင်တွေနဲ့ အနီးကပ် ဆက်သွယ်ပြီးပါပြီ”လို့ Nelson ပြောကြားခဲ့ပါတယ်။
ထို့နောက် လွန်ခဲ့သည့် ၁၉၈၃ခုနှစ်တွင် လက်ဘနွန်နိုင်ငံ ဘေရွတ်ရှိ အမေရိကန် သံရုံးအား အသေခံဗုံးခွဲတိုက်ခိုက်ခံခဲ့ရပြီး သံရုံး ဝန်ထမ်းများ အပါအဝင် လူ ၆၀ ကျော် သေဆုံးခဲ့ရပြီးနောက် အမေရိကန် သံရုံးအား ဘေရွတ် မှ Awkar သို့ ပြောင်းရွှေ့ ခဲ့ကြရတာဖြစ်ပါတယ်လို့ သတင်းဌာန များကဖော်ပြပြောဆိုထားကြပါတယ်။