ယူဂန္ဓာတွင် သံသယဖြစ်ဖွယ် အီဘိုလာရောဂါ ကူးစက်မှု တွေ့ရှိ

ယူဂန္ဓာနိုင်ငံ အနောက်ပိုင်းမှာ သံသယဖြစ်ဖွယ် အီဘိုလာကူးစက်မှု တွေ့ရှိပြီး ကျန်းမာရေးဝန်ထမ်းတွေက အခြေအနေကို စောင့်ကြည့်နေပါတယ်။ အီဘိုလာ ရောဂါလက္ခဏာဆန်ဆန် လူနာတဦးကို တွေ့ရှိထားပြီး သူ့အခြေအနေမှန်ကို သိရှိဖို့ ဓာတ်ခွဲခန်းအဖြေကို စောင့်နေတယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။ အဲဒီလူနာ သီးသန့်ထားရာနေရာနဲ့ ကီလိုမီတာ အနည်းငယ်အကွာ ယူဂန္ဓာနဲ့ ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံတို့ရဲ့ နယ်စပ် ဝင်ပေါက် ဘန်ဆန်ဂါမှာလည်း ရောဂါရှာဖွေ စစ်ဆေးတာတွေကို ကြပ်ကြပ်မတ်မတ် လုပ်ဆောင် နေပါတယ်။ အဲဒီ ဘန်ဆန်ဂါနယ်စပ် ဝင်ပေါက်ဟာ အီဘိုလာရောဂါဖြစ်ပွားရာ  ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံ ဘီနီဒေသနဲ့ ကီလိုမီတာ ၁ဝဝ ခန့်အကွာမှာ ရှိနေပါတယ်။ ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံမှာ သံသယဖြစ်ဖွယ် အီဘိုလာရောဂါ ဖြစ်ပွားသူ ၅၇ ဦးရှိပြီး ၄၁ ဦး သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။ 

DVB