ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္ နဲ႔ သမၼတ ပူတင္ တို႔ေတြ႕

႐ုရွားနိုင္ငံ အေရွ႕ဖ်ားက ဒုံးပ်ံလႊတ္တင္ေရးစခန္းတစ္ခုမွာ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္နဲ႔ ႐ုရွား သမၼတဗလာဒီမာပူတင္တို႔ ေတြ႕ဆုံခဲ့တယ္လို႔ ရိုက္တာသတင္းက ဆိုပါတယ္။
ေတြ႕ဆုံခ်ိန္မွာ ေျမာက္ကိုရီးယားရဲ့ ၿဂိဳဟ္တုအစီအစဥ္ အပါအဝင္ အေၾကာင္းအရာမ်ားစြာကို ေဆြးေႏြးသြားၾကမွာ ျဖစ္တယ္လို႔ ႐ုရွားသမၼတ ဗလာဒီမာပူတင္ က ေျပာၾကားပါတယ္။
“ ေတြ႕ရတာ ဝမ္းသာပါတယ္။ ဒါက ကၽြန္ေတာ္တို႔ရဲ့ အာကာသစခန္းသစ္ပါ”လို႔ ႐ုရွားအေရွ႕ဖ်ား အာမာေဒသမွာ ရွိတဲ့ Vostochny Cosmodrome ေခတ္မီ အာကာသစခန္းမွာ ႐ုရွားသမၼတက ႀကိဳဆိုခဲ့ၿပီး ကင္ဂ်ဳံအန္ရဲ့ လက္ကို စကၠန႔္ေလးဆယ္ေလာက္ၾကာေအာင္ လက္ဆြဲႏႈတ္ဆက္ေနခဲ့ပါတယ္။
မစၥတာပူတင္ က ကင္ဂ်ဳံအန္ကို အာကာသစခန္းအတြင္း လိုက္လံျပသေနတာကို ႐ုပ္သံေတြမွာ ေတြ႕ရၿပီး ေျမာက္ကိုရီးယားေခါင္းေဆာင္ က အေသးစိတ္ေမးခြန္အမ်ားအျပား ေမးျမန္းခဲ့တယ္လို႔ ႐ုရွားနိုင္ငံ႐ုပ္သံက ေဖာ္ျပပါတယ္။
ေခါင္း‌ေဆာင္ႏွစ္ဦး ေတြ႕ဆုံမႈ မတိုင္ခင္ နာရီပိုင္းအလိုမွာပဲ ေျမာက္ကိုရီးယားၿမိဳ႕ေတာ္ ျပဳံယမ္းနားကေန တာတိုပစ္ဒုံးက်ည္ႏွစ္စင္းကို ပစ္လႊတ္ခဲ့ၿပီး အဲဒီဒုံးက်ည္ေတြက ကိုရီးယားကၽြန္းဆြယ္အေရွ႕ဘက္ကမ္းလြန္ကို က်ေရာက္သြားခဲ့ေၾကာင္း ေတာင္ကိုရီးယားစစ္ဘက္ နဲ႔ ဂ်ပန္အစိုးရတို႔ ကေျပာပါတယ္။
ဒါက ကင္ဂ်ဳံအန္ နိုင္ငံရပ္ျခားေရာက္ေနခ်ိန္မွာ ျပဳလုပ္တဲ့ ပထမဆုံး ဒုံးက်ည္ပစ္လႊတ္မႈျဖစ္ေၾကာင္း ေလ့လာသူေတြက ေျပာပါတယ္။
-Ref: Reuters

=============================

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် နဲ့ သမ္မတ ပူတင် တို့တွေ့

ရုရှားနိုင်ငံ အရှေ့ဖျားက ဒုံးပျံလွှတ်တင်ရေးစခန်းတစ်ခုမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ ရုရှား သမ္မတဗလာဒီမာပူတင်တို့ တွေ့ဆုံခဲ့တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။
တွေ့ဆုံချိန်မှာ မြောက်ကိုရီးယားရဲ့ ဂြိုဟ်တုအစီအစဉ် အပါအဝင် အကြောင်းအရာများစွာကို ဆွေးနွေးသွားကြမှာ ဖြစ်တယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင် က ပြောကြားပါတယ်။
“ တွေ့ရတာ ဝမ်းသာပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ အာကာသစခန်းသစ်ပါ”လို့ ရုရှားအရှေ့ဖျား အာမာဒေသမှာ ရှိတဲ့ Vostochny Cosmodrome ခေတ်မီ အာကာသစခန်းမှာ ရုရှားသမ္မတက ကြိုဆိုခဲ့ပြီး ကင်ဂျုံအန်ရဲ့ လက်ကို စက္ကန့်လေးဆယ်လောက်ကြာအောင် လက်ဆွဲနှုတ်ဆက်နေခဲ့ပါတယ်။
မစ္စတာပူတင် က ကင်ဂျုံအန်ကို အာကာသစခန်းအတွင်း လိုက်လံပြသနေတာကို ရုပ်သံတွေမှာ တွေ့ရပြီး မြောက်ကိုရီးယားခေါင်းဆောင် က အသေးစိတ်မေးခွန်အများအပြား မေးမြန်းခဲ့တယ်လို့ ရုရှားနိုင်ငံရုပ်သံက ဖော်ပြပါတယ်။
ခေါင်း‌ဆောင်နှစ်ဦး တွေ့ဆုံမှု မတိုင်ခင် နာရီပိုင်းအလိုမှာပဲ မြောက်ကိုရီးယားမြို့တော် ပြုံယမ်းနားကနေ တာတိုပစ်ဒုံးကျည်နှစ်စင်းကို ပစ်လွှတ်ခဲ့ပြီး အဲဒီဒုံးကျည်တွေက ကိုရီးယားကျွန်းဆွယ်အရှေ့ဘက်ကမ်းလွန်ကို ကျရောက်သွားခဲ့ကြောင်း တောင်ကိုရီးယားစစ်ဘက် နဲ့ ဂျပန်အစိုးရတို့ ကပြောပါတယ်။
ဒါက ကင်ဂျုံအန် နိုင်ငံရပ်ခြားရောက်နေချိန်မှာ ပြုလုပ်တဲ့ ပထမဆုံး ဒုံးကျည်ပစ်လွှတ်မှုဖြစ်ကြောင်း လေ့လာသူတွေက ပြောပါတယ်။
-Ref: Reuters