


=======================

ဝေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ ပညာရေးထောက်ပံ့ငွေပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားသို့ တိုင်းပါတီဥက္ကဋ္ဌတက်ရောက်

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ဝေါမြိုနယ်ပြည်ခိုင်ဖြိုးပါတီပညာရေးထောက်ပံ့မှုပေးအပ်ပွဲအခမ်းအနားကို စက်တင်ဘာလ(၁၀)ရက်နေ့ နံနက်(၁၀)နာရီတွင် ဝေါမြိုနယ် ပါတီရုံးအစည်းအဝေး ခမ်းမ၌ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို ပဲခူးတိုင်းဒေသကြီးပါတီဥက္ကဌဦးရဲမြင့်ထွန်း၊တိုင်းပါတီ အတွင်းရေးမှူးဦးအောင်နိုင်နှင့် တိုင်းပါတီကော်မတီဝင်များ၊ ပဲခူးခရိုင်ပါတီဥက္ကဌ ဦးအောင်စိုးနှင့်ခရိုင်ပါတီကော်မတီဝင်များ၊မြိုနယ်ပါတီဥက္ကဋ္ဌဦးမောင်ယုနှင့် မြိုနယ်ပါတီကော်မတီဝင်များ၊ ကျောင်းသား/ကျောင်းသူများ၊မြိုမိ/ မြိုဖများ ကျောင်းသား/ ကျောင်းသူ မိဘများ၊အလှူရှင်များ၊ ပါတီဝင်များတက်ရောက်ကြပြီး တိုင်းပါတီဥက္ကဌမှ နှုက်ခွန်းဆက်စကားပြောကြားခဲ့ပြီးကျောင်းသား/သူများအား ပညာကြိုးစားသင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ကူညီဆောင်ရွက်ပေးနိုင်မည့်ကိစ္စရပ်များလူငယ်များ၏ လိုအပ်ချက်များအား တတ်နိုင်သည့်ဘက်မှကူညီဆောင်ရွက်ပေးနိုင်မည့်ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး တာဝန်ရှိသူများမှ ကျောင်းသား/ကျောင်းသူများအားပညာသင်ထောက်ပံ့ ချီးမြှင့်ငွေ ကြေးများပေးအပ်ချီးမြှင့်ခဲ့သည်။

ယနေ့ပညာသင်ထောက်ပံ့ကြေးပေးအပ်ချီးမြှင့်ပွဲတွင် နေ့တက်ကျောင်းသား/ကျောင်းသူတစ်ဦးလျှင်(၂၄၀၀၀၀)ကျပ်နှုးဖြင့်ကျောင်းသား/ကျောင်းသူတစ်ဦးလျှင်(၇)ဦးအတွက်(၁၆၈၀၀၀၀)ကျပ်၊ အဝေးသင်ကျောင်းသားတစ်ဦးလျှင်(၁၃၀၀၀၀)ကျပ်နှုးဖြင့်(၂)ဦးအတွက်(၂၆၀၀၀၀)ကျပ်စုစုပေါင်း(၁၉၄၀၀၀၀၀)ကျပ်အား ပေးအပ်ချီးမြှင့်ခဲ့သည်။