ရွှေပြည်သာတွင် ပါတီမျက်နှာစုံညီ အစည်းအဝေးကျင်းပ

ရန်ကုန်မြောက်ပိုင်းခရိုင် ရွှေပြည်သာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို ရွှေပြည်သာမြို့နယ် (၆)ရပ်ကွက်ရှိ မြို့နယ်ပါတီရုံး၌ မျက်နှာစုံညီအစည်းအဝေးကို ဇွန်လ (၁၉) ရက် နံနက် (၉) နာရီအချိန်က ကျင်းပခဲ့သည်။

အစည်းအဝေးတွင် သဘာပတိ ပြည်ခိုင်ဖြိုးပါတီ ခရိုင်အလုပ်အမှုဆောင် ဦးကျော်တင်က အမှာစကား ပြောကြား၍ မြို့နယ်လုပ်ငန်းဆောင်ရွက်ချက် များကို ဦးမင်းဝေက ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ရွှေပြည်သာမြို့နယ်ရှိ ပါတီဝင်များ၏ သားသမီးများထဲမှ တက္ကသိုလ်ဝင်တန်း ဂုဏ်ထူးရ ကလေးများကို ဗဟိုကော်မတီဝင် ဦးလှမြင့်က ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။

ဆက်လက်၍ ရပ်ကွက်အလိုက် စာတမ်းများဖတ်ကြားခြင်း၊ ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်းများ ဆောင် ရွက်ခဲ့ပြီး မြို့နယ်ပါတီအလုပ်အမှုဆောင်များ နုတ်ထွက်ခြင်းနှင့် မဲပေး၍ အသစ်ရွေးချယ်ခြင်းတို့ ပြုလုပ်ခဲ့ကြပြီး တက်ရောက်ကြသူများ၏ မဲပေးရွေးချယ်မှုအရ ဥက္ကဋ္ဌ ဦးကိုလတ်၊ အတွင်းရေးမှူး ဦးလင်း အောင်အောင်၊ ဘဏ္ဍာရေးမှူး ဒေါ်စန်းစန်းမြင့် အပါအဝင် အမှုဆောင် (၁၅) ဦးအား ရွေးချယ်အတည် ပြုခဲ့ကြောင်း သိရသည်။

ကိုမိုး(ရွှေပြည်သာ)

Photo – Win Myint Oo fb


Leave a Reply