

=============================

ဒဂုံတောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူများမှ ပါတီဝင်များ၊ ရပ်မိရပ်များနှင့် တွေ့ဆုံ

ရန်ကုန်တိုင်း၊ ဒဂုံတောင်မြိုနယ် ပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူများမှ ပါတီဝင်များမှ စ.ထ.ဟ ရပ်ကွက်၊ သုံးခွ ရပ်ကွက်နှင့် လေးထောင့်ကန်ရပ်ကွက်ရှိ ပါတီဝင်များ၊ ရပ်မိရပ်များနှင့် ယနေ့ နေ့လည် ၁ နာရီတွင် စ.ထ.ဟ ရပ်ကွက်တွင် စုစည်းကာ တွေ့ဆုံဆွေးနွေးခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးရာတွင် ဒဂုံမြိုသစ်ခရိုင်ဥက္ကဌ ဒေါ်စမ်းစမ်းဌေး ၏ လမ်းညွှန်မှာကြားချက်များကို မြိုနယ်ပါတီအတွင်းရေးမှူး ဦးမြင့်အောင်၊ စည်းရုံးရေးရာ တာဝန်ခံ ဦးအောင်ဇော်ဦးနှင့် နယ်မြေတာဝန်ခံ ဦးသိန်းဇော်တိုမှ တက်ရောက်လာသော ရပ်မိရပ်ဖများနှင့် ပါတီဝင်များကို ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး ပြည့်မဏ္ဍိုင်၏ အခန်းကဏ္ဍကို ထပ်ဆင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရပါသည်။
နေ့လည် ၂ နာရီနှင့် ၃၅ မိနစ်အချိန်တွင် တွေ့ဆုံဆွေးနွေးမှု ပြီးဆုံးခဲ့ကြောင်း သိရသည်။