စစ်ကိုင်းတိုင်းဒေသကြီး | ယင်းမာပင်ခရိုင် |ယင်းမာပင်မြို့နယ် ပြည်ခိုင်ဖြိုးသို့ ပြည်သူ(၆၈၀)ဦး ပါတီထဲဝင်ရောက်၍ ပါတီဝင်အဆိုပြုလွှာပေးအပ်
ယင်းမာပင်။ ဇွန် ၂၄။
စစ်ကိုင်းတိုင်းဒေသကြီး၊ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဝင်(၆၈၀)ဦးအား၊ အဆိုပြုလွှာစုပေါင်း ပေးအပ်ပွဲကို ယနေ့(ဇွန်လ ၂၄)ရက်က ပညာဇွဲမာန်ခန်းမ၌ပြုလုပ်ခဲ့ရာ၊ယင်းမာပင်မြို့နယ်၊ကျေးရွာအုပ်စု( ၄၆ )အုပ်စုရှိ ကျေးရွာပေါင်း ( ၁၆၂)ရွာနှင့် ရပ်ကွက်(၂)ရပ်ကွက်ရှိ ၊ ပါတီဝင်အဆိုပြုလွှာစုစုပေါင်း (၆၈၀ ) ဦးကို စုပေါင်း
အဆိုပြုလွာပေးအပ်လျက် ၊ပါတီဝင်သစ်များကို လှိုက်လှဲစွာကြိုဆို၍ တိုင်းပါတီဥက္ကဌဒေါက်တာမြင့်သိန်း၊ တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ဇော်ဦး ၊ တိုင်းပါတီကော်မတီဝင် ဒေါ်ယဉ်မာဝင်း၊ တိုင်းအရံပါတီကော်မတီဝင်ဒေါ်ကြူမိုးသန့် တို့ကပါတီဝင်ရင်ထိုးတံဆိပ်များတပ်ဆင်ပေးခဲ့ပါသည်။
အခမ်းအနားတွင် နိုင်ငံတော်အလံအား အလေးပြုကြပြီး၊ တိုင်းပါတီဥက္ကဌဒေါက်တာမြင့်သိန်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား၍ ယနေ့တိုင်းပြည်၏ လတ်တလောဖြစ်ပျက်လျက်ရှိသည့်တိုင်းပြည်အခြေအနေများ၊ နိုင်ငံတကာဖိအားပေးနေမှုများ၊ ရခိုင်အရေးကိစ္စများစသည့်အကြောင်းအရာများအားရှင်းလင်းပြော
ကြားခဲ့ပါသည်။
ယင်းအခမ်းအနားသို့၊ ယင်းမာပင်ခရိုင်ပါတီ ဥက္ကဋ္ဌဦးသောင်းဟန် ၊ ခရိုင်ပါတီကော်မတီဝင်များ ၊ယင်းမာပင်မြို့နယ်ပါတီ ဥက္ကဋ္ဌဦးကျော်မြင့်သိန်း၊ မြို့နယ်ပါတီဝင်များ ၊ ရပ်ကျေးပါတီဥက္ကဋ္ဌများ၊ပါတီဝင် အသစ်များစုပေါင်း(၇၀၀)ကျော်ခန့် ၊တက်ရောက်ကြပြီး၊အခမ်းအနားကိုနံနက်(၁၀)နာရီအချိန် “ဇာတိမာန်”သီချင်းသံပြိုင်သီဆို၍ အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။