နိုင္ငံေတာ္ပရိယတၱိ သာသနာ့တကၠသိုလ္တြင္ျပဳလုပ္သည့္ သံဃာေတာ္အပါး (၄၅၀)အား ဝါဆိုသကၤန္းဆက္ကပ္လႉဒါန္းပြဲသို႔ ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ တက္ေရာက္

စက္တင္ဘာ ၁၄၊ ရန္ကုန္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ ရန္ကုန္တိုင္းေဒသႀကီးပါတီဥကၠ႒ ဦးခင္ေမာင္စိုး တို႔သည္ ၂၀၂၃ ခုႏွစ္၊ စက္တင္ဘာလ ၁၄ ရက္ေန႔ နံနက္ပိုင္းတြင္ ရန္ကုန္ၿမိဳ႕၊ နိုင္ငံေတာ္ပရိယတၱိ သာသနာ့တကၠသိုလ္ဝန္းအတြင္းက ဓမၼဝိဟာရဓမၼာ႐ုံ၌ ျမန္မာနိုင္ငံလုံးဆိုင္ရာ ေထရဝါဒဗုဒၶဘာသာအဖြဲ႕ခ်ဳပ္၊ နယ္စပ္ေတာင္တန္း​ေဒသ သာသနာႏုဂၢဟအသင္း(ရန္ကုန္)၊ သုံးရာသီ လူမႈကူညီေရးအသင္းႀကီး(ဗဟို)တို႔မွ ပူးေပါင္းက်င္းပျပဳလုပ္သည့္ သံဃာေတာ္ အပါး (၄၅၀)ကို စုေပါင္းဝါဆိုသကၤန္းနဲ႔ လႉဖြယ္ဝတၳဳအစုစု ကပ္လႉတဲ့ အခမ္းအနားသို႔ တက္ေရာက္ကာ ဆရာေတာ္သံဃာေတာ္မ်ားအား ဝါဆိုသကၤန္းႏွင့္ လႉဘြယ္ပစၥည္းမ်ား ဆက္ကပ္လႉဒါန္းျခင္း၊ အလႉေငြမ်ားေပးအပ္ျခင္းႏွင့္ ေန႔ဆြမ္းကပ္လႉျခင္းတို႔ ေဆာင္ရြက္ခဲ့ၾကပါသည္။
အဆိုပါအခမ္းအနားသို႔ သာသနာေရးဝန္ႀကီးဌာနက တာဝန္ရွိသူမ်ား၊ အဘိဓမၼာသင္တန္း အသီးသီးက ဆရာ/ဆရာမ၊ သင္တန္းသား သင္တန္းသူမ်ား၊ ပ႒ာန္း/သံယုတ္သင္တန္းမွ နည္းျပမ်ား၊ သုံးရာသီလူမႈ ကူညီ‌ေရးအသင္း(ဗဟို)၊ တိုင္း/ခရိုင္တို႔မွ ပရဟိတအသင္းသားမ်ား၊ ရန္ကုန္တိုင္းၾကက္ေျခနီအဖြဲ႕က တာဝန္ရွိသူမ်ား၊ တရားလႊတ္ေတာ္ ေရွ႕ေနႀကီးမ်ား၊ တိုင္းႏုဂၢဟအသင္း နာယကမ်ား၊ ဒုဉကၠ႒မ်ား၊ အဆင့္ဆင့္ ေသာအလုပ္အမႈေဆာင္မ်ား၊ ႐ုပ္ရွင္/ဂီတနယ္ပယ္က အႏုပညာရွင္မ်ား အပါအဝင္ ဘာသာသာသနာကို ခ်စ္ျမတ္နိုးၾကသည့္ အလႊာစုံမွ ပရိတ္သတ္ အင္အား(၂၇၀၀)ေက်ာ္ခန႔္ တက္ေရာက္ခဲ့ၾကေၾကာင္း သိရွိရပါသည္။

=============================

နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်တွင်ပြုလုပ်သည့် သံဃာတော်အပါး (၄၅၀)အား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ တက်ရောက်

စက်တင်ဘာ ၁၄၊ ရန်ကုန်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး တို့သည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်ဝန်းအတွင်းက ဓမ္မဝိဟာရဓမ္မာရုံ၌ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်၊ နယ်စပ်တောင်တန်း​ဒေသ သာသနာနုဂ္ဂဟအသင်း(ရန်ကုန်)၊ သုံးရာသီ လူမှုကူညီရေးအသင်းကြီး(ဗဟို)တို့မှ ပူးပေါင်းကျင်းပပြုလုပ်သည့် သံဃာတော် အပါး (၄၅၀)ကို စုပေါင်းဝါဆိုသင်္ကန်းနဲ့ လှူဖွယ်ဝတ္ထုအစုစု ကပ်လှူတဲ့ အခမ်းအနားသို့ တက်ရောက်ကာ ဆရာတော်သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ အလှူငွေများပေးအပ်ခြင်းနှင့် နေ့ဆွမ်းကပ်လှူခြင်းတို့ ဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားသို့ သာသနာရေးဝန်ကြီးဌာနက တာဝန်ရှိသူများ၊ အဘိဓမ္မာသင်တန်း အသီးသီးက ဆရာ/ဆရာမ၊ သင်တန်းသား သင်တန်းသူများ၊ ပဋ္ဌာန်း/သံယုတ်သင်တန်းမှ နည်းပြများ၊ သုံးရာသီလူမှု ကူညီ‌ရေးအသင်း(ဗဟို)၊ တိုင်း/ခရိုင်တို့မှ ပရဟိတအသင်းသားများ၊ ရန်ကုန်တိုင်းကြက်ခြေနီအဖွဲ့က တာဝန်ရှိသူများ၊ တရားလွှတ်တော် ရှေ့နေကြီးများ၊ တိုင်းနုဂ္ဂဟအသင်း နာယကများ၊ ဒုဉက္ကဋ္ဌများ၊ အဆင့်ဆင့် သောအလုပ်အမှုဆောင်များ၊ ရုပ်ရှင်/ဂီတနယ်ပယ်က အနုပညာရှင်များ အပါအဝင် ဘာသာသာသနာကို ချစ်မြတ်နိုးကြသည့် အလွှာစုံမှ ပရိတ်သတ် အင်အား(၂၇၀၀)ကျော်ခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။