ဂီတာေဖးအသင္းအတြက္ ပြဲဦးထြက္ကစားလာတဲ့ ဂရင္းဝုဒ္

စက္တင္ဘာ ၁၈
မန္ယူအသင္းကေန ဂီတာေဖးအသင္းဆီမွာ တစ္ရာသီ အငွားစာခ်ဳပ္နဲ႔ သြားေရာက္ ကစားေနတဲ့ အဂၤလန္ တိုက္စစ္မႉး ေမဆင္ ဂရင္းဝုဒ္ ဟာလည္း မေန႔ညက ကစားခဲ့တဲ့ လာလီဂါ ပြဲမွာ လူစားလဲ ဝင္ေရာက္ကစားခဲ့ၿပီး အနိုင္ဂိုး ျဖစ္လာေစမယ့္ ေထာင့္ကန္ေဘာကို ရယူေပးသြားခဲ့ပါတယ္။
ဒီပြဲမွာ ၿပိဳင္ဘက္ အိုဆာဆူနာ ပရိသတ္ေတြဟာ ဂရင္းဝုဒ္ ေသြးပူေလ့က်င့္ေနစဥ္ အသက္အႏၲရာယ္ ၿခိမ္းေျခာက္တဲ့ စကားလုံးေတြကို ေအာ္ဟစ္ ေျပာဆိုခဲ့တာေၾကာင့္ လာလီဂါအဖြဲ႕ခ်ဳပ္က စုံစမ္းစစ္ေဆးသြားမယ္လို႔ သိရပါတယ္။
ဂရင္းဝုဒ္က သူ ပါဝင္ကစားရခ်ိန္အတြင္း ဂိုးကန္ခ်က္ တစ္ႀကိမ္ ျပဳလုပ္ခဲ့ေပမယ့္ ၿပိဳင္ဘက္ ကစားသမားရဲ့ block လုပ္မႈနဲ႔သာ ၾကဳံေတြ႕ခဲ့ရပါတယ္။

============================

ဂီတာဖေးအသင်းအတွက် ပွဲဦးထွက်ကစားလာတဲ့ ဂရင်းဝုဒ်

စက်တင်ဘာ ၁၈
မန်ယူအသင်းကနေ ဂီတာဖေးအသင်းဆီမှာ တစ်ရာသီ အငှားစာချုပ်နဲ့ သွားရောက် ကစားနေတဲ့ အင်္ဂလန် တိုက်စစ်မှူး မေဆင် ဂရင်းဝုဒ် ဟာလည်း မနေ့ညက ကစားခဲ့တဲ့ လာလီဂါ ပွဲမှာ လူစားလဲ ဝင်ရောက်ကစားခဲ့ပြီး အနိုင်ဂိုး ဖြစ်လာစေမယ့် ထောင့်ကန်ဘောကို ရယူပေးသွားခဲ့ပါတယ်။
ဒီပွဲမှာ ပြိုင်ဘက် အိုဆာဆူနာ ပရိသတ်တွေဟာ ဂရင်းဝုဒ် သွေးပူလေ့ကျင့်နေစဉ် အသက်အန္တရာယ် ခြိမ်းခြောက်တဲ့ စကားလုံးတွေကို အော်ဟစ် ပြောဆိုခဲ့တာကြောင့် လာလီဂါအဖွဲ့ချုပ်က စုံစမ်းစစ်ဆေးသွားမယ်လို့ သိရပါတယ်။
ဂရင်းဝုဒ်က သူ ပါဝင်ကစားရချိန်အတွင်း ဂိုးကန်ချက် တစ်ကြိမ် ပြုလုပ်ခဲ့ပေမယ့် ပြိုင်ဘက် ကစားသမားရဲ့ block လုပ်မှုနဲ့သာ ကြုံတွေ့ခဲ့ရပါတယ်။