ဒဏ္ရာေၾကာင့္ အဂၤလန္လက္ေရြးစင္အသင္းလူစာရင္းမွ ဆာကာ ႏုတ္ထြက္

ေအာက္တိုဘာ ၁၁
အာဆင္နယ္အသင္း၏ တိုက္စစ္ကစားသမား ဆာကာ ဟာ ဒဏ္ရာျပႆနာေၾကာင့္ အဂၤလန္လက္ေရြးစင္အသင္းလူစာရင္းမွ ႏုတ္ထြက္ခဲ့ေၾကာင္း သိရပါတယ္။
အသက္၂၂ ႏွစ္ရွိ ဆာကာက အာဆင္နယ္အသင္းအတြက္ ပရီးမီးယားလိဂ္ပြဲစဥ္ (၈၇)ပြဲ ဆက္တိုက္ပါဝင္ကစားခဲ့သူျဖစ္ၿပီး ယခုတစ္ပတ္ မန္စီးတီးႏွင့္ပြဲတြင္မွ ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ့ရျခင္းျဖစ္ပါတယ္။
ထို႔ေၾကာင့္ အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္၏ ေဆးအဖြဲ႕က ဆာကာ၏ ဒဏ္ရာအေျခအေနကို အကဲျဖတ္တြက္ခ်က္ၿပီးမွသာ လူစာရင္းမွ ႏုတ္ထြက္ခြင့္ျပဳခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။
အဂၤလန္အသင္းဟာ ေအာက္တိုဘာ (၁၄)ရက္(1:15 AM)အခ်ိန္တြင္ ၾသစေၾတးလ်ႏွင့္ ေျခစမ္းပြဲ၊ ေအာက္တိုဘာ(၁၈)ရက္(1:15 AM)အခ်ိန္တြင္ အီတလီႏွင့္ ယူရိုေျခစစ္ပြဲယွဥ္ၿပိဳင္ကစားမွာလည္းျဖစ္ပါတယ္။

=====================

ဒဏ်ရာကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းမှ ဆာကာ နုတ်ထွက်

အောက်တိုဘာ ၁၁
အာဆင်နယ်အသင်း၏ တိုက်စစ်ကစားသမား ဆာကာ ဟာ ဒဏ်ရာပြဿနာကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းမှ နုတ်ထွက်ခဲ့ကြောင်း သိရပါတယ်။
အသက်၂၂ နှစ်ရှိ ဆာကာက အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ် (၈၇)ပွဲ ဆက်တိုက်ပါဝင်ကစားခဲ့သူဖြစ်ပြီး ယခုတစ်ပတ် မန်စီးတီးနှင့်ပွဲတွင်မှ ဒဏ်ရာကြောင့် လွဲချော်ခဲ့ရခြင်းဖြစ်ပါတယ်။
ထို့ကြောင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်၏ ဆေးအဖွဲ့က ဆာကာ၏ ဒဏ်ရာအခြေအနေကို အကဲဖြတ်တွက်ချက်ပြီးမှသာ လူစာရင်းမှ နုတ်ထွက်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
အင်္ဂလန်အသင်းဟာ အောက်တိုဘာ (၁၄)ရက်(1:15 AM)အချိန်တွင် သြစတြေးလျနှင့် ခြေစမ်းပွဲ၊ အောက်တိုဘာ(၁၈)ရက်(1:15 AM)အချိန်တွင် အီတလီနှင့် ယူရိုခြေစစ်ပွဲယှဉ်ပြိုင်ကစားမှာလည်းဖြစ်ပါတယ်။