အခြင့္အေရးယူရန္အတြက္ မဟုတ္ပဲ တိုင္းျပည္ကို ေကာင္းမြန္တိုးတက္ေအာင္ မည္သို႔ေဆာင္ရြက္ရမည္၊ ျပည္သူကို မည္သို႔ကူညီရမည္ဟူေသာစိတ္ေကာင္းထားၾကရန္လိုအပ္ေၾကာင္း မႏၲေလးတိုင္းေဒသႀကီး ပါတီတာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံပြဲတြင္ ပါတီဒုတိယ ဥကၠ႒ ဦးလွထြန္းေျပာၾကား

မႏၲေလး ေအာက္တိုဘာ ၉
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံၿဖိဳးေရးပါတီ ဒုတိယဥကၠ႒ဦးလွထြန္းသည္မႏၲေလးတိုင္းေဒသႀကီးေပါင္းစပ္ညႇိႏွိုင္းေရးမႉးဗဟိုအလုပ္အမႈေဆာင္ ေဒါက္တာေမာင္သင္း၊ဗဟိုအလုပ္အမႈေဆာင္ ဦးတင့္လွိုင္ျမင့္တို႔ႏွင့္အတူ(၉.၁၀.၂၀၂၃)ေန႔၊ နံနက္(၉:၃၀)နာရီအခ်ိန္၌မႏၲေလးတိုင္းေဒသႀကီး၊ျပည္ခိုင္ၿဖိဳးပါတီ႐ုံးအစည္းအေဝးခန္းမ၌မႏၲေလးတိုင္းေဒသႀကီးပါတီဥကၠ႒ ဦးေအာင္ေက်ာ္မိုး၊တိုင္းပါတီအတြင္းေရးမႉး ဦးညႊန္႔ေဆာင္၊တိုင္းပါတီေကာ္မတီဝင္မ်ားႏွင့္ေတြ႕ဆုံခဲ့ပါသည္။
ေတြ႕ဆုံပြဲတြင္ဒုတိယဥကၠ႒မွႏႈတ္ခြန္းဆက္အမွာစကားေျပာၾကားရာ၌ မိမိတို႔အေနျဖင့္ လက္ဆင့္ကမ္းေကာင္းေမြေတြကိုထိန္းသိမ္းဆက္ခံဖို႔လိုအပ္ေၾကာင္း၊လူငယ္ေတြကိုလက္ဆင့္ကမ္းအေမြေပးဖို႔အတြက္လည္းေရြးခ်ယ္စဥ္စားထားရမည္ျဖစ္ေၾကာင္း၊ေကဒါေကာင္းေတြကိုလည္း ျပဳစုပ်ိဳးေထာင္ထားရမည္ျဖစ္ေၾကာင္း၊ျပည့္မ႑ိဳင္လုပ္ငန္းစဥ္မ်ားကိုလည္းေသခ်ာစြာအေကာင္အထည္ေဖာ္ေဆာင္ရြက္ၾကရန္လိုအပ္ေၾကာင္း၊လက္ရွိျဖစ္ပ်က္ေနေသာနိုင္ငံရး
အေျခအေနမ်ားကိုလည္းျပည္သူေတြ သိရွိနာလည္းသေဘာေပါက္ေအာင္ေသခ်ာရွင္းျပရန္လိုေၾကာင္း၊မိမိတို႔၏အားနည္းခ်က္မ်ားကိုျပဳျပင္၍ျပည္သူကိုစည္း႐ုံးရန္လိုအပ္ေၾကာင္း မိမိတို႔မွဦးေဆာင္လမ္းျပ၍လုပ္ေဆာင္ျပရန္လိုအပ္ေၾကာင္းအဖြင့္အမွာစကားေျပာၾကားပါသည္။
၎ေနာက္တိုင္းပါတီဥကၠ႒ဦးေအာင္ေက်ာ္မိုးမွ မႏၲေလးတိုင္းေဒသႀကီးျပည္ခိုင္ၿဖိဳးပါတီဖြဲ႕စည္းပုံအဆင့္ဆင့္ႏွင့္လုပ္ငန္းလုပ္ေဆာင္ေနမႈမ်ား၊ျပည့္မ႑ိဳင္လုပ္ငန္းစဥ္အေကာင္အထည္အေဖာ္ေဆာင္ရြက္ေနမႈမ်ား၊ပါတီအႀကီးအကဲအဆင့္ဆင့္တို႔၏လမ္းညႊန္ခ်က္မ်ားအားေဆာင္ရြက္ေနမႈအေျခအေနတို႔ကို အေသးစိတ္တင္ျပေဆြးေႏြးခဲ့ပါသည္။
ဆက္လက္၍တိုင္းပါတီအတြင္းေရးမႉးမွ ေရြးေကာက္ပြဲေကာ္မရွင္မွပါတီဝင္အင္အားစာရင္းစိစစ္ေနမႈအေျခအေနမ်ားတင္ျပေဆြးေႏြးၿပီးေနာက္တိုင္းေကာ္မတီဝင္မ်ားမွမိမိတို႔တာဝန္ယူထားရေသာနယ္ေျမေဒသအလိုက္ေဆာင္ရြက္ေနမႈမ်ား၊Project Cycle Managementအေကာင္အထည္ေဖာ္ေဆာင္ရြက္ေနမႈမ်ားအားတင္ျပေဆြးေႏြးခဲ့ၿပီး ဗဟိုအလုပ္အမႈေဆာင္ဦးတင့္လွိုင္ျမင့္မွ ပါတီစည္းကမ္းထိန္းသိမ္းေရးႏွင့္ဆိုင္ရာလုပ္ေဆာင္ေနမႈမ်ားႏွင့္လိုက္နာလုပ္ေဆာင္ရ မည့္စည္းမ်ဥ္းစည္းကမ္းမ်ား၊ပါတီစည္းကမ္းပိုင္းဆိုင္ရာလုပ္ထုံးလုပ္နည္းမ်ားကိုရွင္းလင္းေဆြးေႏြးခဲ့ပါသည္။
၎ေနာက္မႏၲေလးတိုင္းေဒသႀကီးေပါင္းစပ္ညႇိႏွိုင္းေရးမႉးဗဟိုအလုပ္အမႈေဆာင္ေဒါက္တာေမာင္သင္းမွပါတီလုပ္ငန္းမ်ားေဆာင္ရြက္ရာတြင္ျဖစ္ေပၚတတ္ေသာအခက္အခဲမ်ားကို ေပါင္းစပ္ညႇိႏွိုင္းေဆာင္ရြက္ေပးမည္ျဖစ္ေၾကာင္း၊Project Cycle Management ကိုလည္း ေအာင္ျမင္ေအာင္အေကာင္အထည္ ေဖာ္ေဆာင္ရြက္ေပးၾကေစလိုေၾကာင္းေျပာၾကားခဲ့ပါသည္။
ပါတီဒုတိယဥကၠ႒မွ တင္ျပခ်က္မ်ားအေပၚ ျပန္လည္ေဆြးေႏြးျခင္း၊ေပါင္းစပ္ညႇိႏွိုင္းေပးျခင္းမ်ားေဆာင္ရြက္ေပးၿပီးနိဂုံးခ်ဳပ္အမွာစကားေျပာၾကားရာတြင္ပါတီေအာင္နိုင္ေရးအတြက္လုပ္ေဆာင္ရာတြင္တစ္ျခားသူမ်ားလုပ္ေဆာင္တာေတြကိုလည္းေလ့လာ မိမိကိုယ္တိုင္လည္းနည္းလမ္းရွာၿပီးလုပ္ေဆာင္ရမည္ျဖစ္ေၾကာင္း၊တစ္ေယာက္ႏွင့္တစ္ေယာက္ခ်စ္ခ်စ္ခင္ခင္စည္းစည္းလုံးလုံး လုပ္ေဆာင္ၾကရန္လိုေၾကာင္း၊အခြင့္အေရးယူရန္အတြက္မဟုတ္ပဲ၊တိုင္းျပည္ကိုေကာင္းေအာင္မည္သို႔ေဆာင္ရြက္ရမည္ျပည္သူကိုမည္သို႔ကူညီေပးရမည္ဟူေသာစိတ္ေကာင္းထားရွိရန္လိုအပ္ေၾကာင္း၊ပါတီေအာင္နိုင္ေရးအတြက္လည္းစုေပါင္းညီညြတ္မႈအားျဖင့္ေဆာင္ရြက္ၾကရန္လိုအပ္ေၾကာင္းမွာၾကားၿပီးမြန္းလြဲပိုင္းတြင္ေတြ႕ဆုံပြဲၿပီးဆုံးခဲ့ပါသည္။

=========================

အခွင့်အရေးယူရန်အတွက် မဟုတ်ပဲ တိုင်းပြည်ကို ကောင်းမွန်တိုးတက်အောင် မည်သို့ဆောင်ရွက်ရမည်၊ ပြည်သူကို မည်သို့ကူညီရမည်ဟူသောစိတ်ကောင်းထားကြရန်လိုအပ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံပွဲတွင် ပါတီဒုတိယ ဥက္ကဋ္ဌ ဦးလှထွန်းပြောကြား

မန္တလေး အောက်တိုဘာ ၉
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌဦးလှထွန်းသည်မန္တလေးတိုင်းဒေသကြီးပေါင်းစပ်ညှိနှိုင်းရေးမှူးဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း၊ဗဟိုအလုပ်အမှုဆောင် ဦးတင့်လှိုင်မြင့်တို့နှင့်အတူ(၉.၁၀.၂၀၂၃)နေ့၊ နံနက်(၉:၃၀)နာရီအချိန်၌မန္တလေးတိုင်းဒေသကြီး၊ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊တိုင်းပါတီအတွင်းရေးမှူး ဦးညွှန့်ဆောင်၊တိုင်းပါတီကော်မတီဝင်များနှင့်တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံပွဲတွင်ဒုတိယဥက္ကဋ္ဌမှနှုတ်ခွန်းဆက်အမှာစကားပြောကြားရာ၌ မိမိတို့အနေဖြင့် လက်ဆင့်ကမ်းကောင်းမွေတွေကိုထိန်းသိမ်းဆက်ခံဖို့လိုအပ်ကြောင်း၊လူငယ်တွေကိုလက်ဆင့်ကမ်းအမွေပေးဖို့အတွက်လည်းရွေးချယ်စဥ်စားထားရမည်ဖြစ်ကြောင်း၊ကေဒါကောင်းတွေကိုလည်း ပြုစုပျိုးထောင်ထားရမည်ဖြစ်ကြောင်း၊ပြည့်မဏ္ဍိုင်လုပ်ငန်းစဥ်များကိုလည်းသေချာစွာအကောင်အထည်ဖော်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊လက်ရှိဖြစ်ပျက်နေသောနိုင်ငံရး
အခြေအနေများကိုလည်းပြည်သူတွေ သိရှိနာလည်းသဘောပေါက်အောင်သေချာရှင်းပြရန်လိုကြောင်း၊မိမိတို့၏အားနည်းချက်များကိုပြုပြင်၍ပြည်သူကိုစည်းရုံးရန်လိုအပ်ကြောင်း မိမိတို့မှဦးဆောင်လမ်းပြ၍လုပ်ဆောင်ပြရန်လိုအပ်ကြောင်းအဖွင့်အမှာစကားပြောကြားပါသည်။
၎င်းနောက်တိုင်းပါတီဥက္ကဋ္ဌဦးအောင်ကျော်မိုးမှ မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီဖွဲ့စည်းပုံအဆင့်ဆင့်နှင့်လုပ်ငန်းလုပ်ဆောင်နေမှုများ၊ပြည့်မဏ္ဍိုင်လုပ်ငန်းစဥ်အကောင်အထည်အဖော်ဆောင်ရွက်နေမှုများ၊ပါတီအကြီးအကဲအဆင့်ဆင့်တို့၏လမ်းညွှန်ချက်များအားဆောင်ရွက်နေမှုအခြေအနေတို့ကို အသေးစိတ်တင်ပြဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍တိုင်းပါတီအတွင်းရေးမှူးမှ ရွေးကောက်ပွဲကော်မရှင်မှပါတီဝင်အင်အားစာရင်းစိစစ်နေမှုအခြေအနေများတင်ပြဆွေးနွေးပြီးနောက်တိုင်းကော်မတီဝင်များမှမိမိတို့တာဝန်ယူထားရသောနယ်မြေဒေသအလိုက်ဆောင်ရွက်နေမှုများ၊Project Cycle Managementအကောင်အထည်ဖော်ဆောင်ရွက်နေမှုများအားတင်ပြဆွေးနွေးခဲ့ပြီး ဗဟိုအလုပ်အမှုဆောင်ဦးတင့်လှိုင်မြင့်မှ ပါတီစည်းကမ်းထိန်းသိမ်းရေးနှင့်ဆိုင်ရာလုပ်ဆောင်နေမှုများနှင့်လိုက်နာလုပ်ဆောင်ရ မည့်စည်းမျဥ်းစည်းကမ်းများ၊ပါတီစည်းကမ်းပိုင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများကိုရှင်းလင်းဆွေးနွေးခဲ့ပါသည်။
၎င်းနောက်မန္တလေးတိုင်းဒေသကြီးပေါင်းစပ်ညှိနှိုင်းရေးမှူးဗဟိုအလုပ်အမှုဆောင်ဒေါက်တာမောင်သင်းမှပါတီလုပ်ငန်းများဆောင်ရွက်ရာတွင်ဖြစ်ပေါ်တတ်သောအခက်အခဲများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊Project Cycle Management ကိုလည်း အောင်မြင်အောင်အကောင်အထည် ဖော်ဆောင်ရွက်ပေးကြစေလိုကြောင်းပြောကြားခဲ့ပါသည်။
ပါတီဒုတိယဥက္ကဋ္ဌမှ တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးခြင်း၊ပေါင်းစပ်ညှိနှိုင်းပေးခြင်းများဆောင်ရွက်ပေးပြီးနိဂုံးချုပ်အမှာစကားပြောကြားရာတွင်ပါတီအောင်နိုင်ရေးအတွက်လုပ်ဆောင်ရာတွင်တစ်ခြားသူများလုပ်ဆောင်တာတွေကိုလည်းလေ့လာ မိမိကိုယ်တိုင်လည်းနည်းလမ်းရှာပြီးလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊တစ်ယောက်နှင့်တစ်ယောက်ချစ်ချစ်ခင်ခင်စည်းစည်းလုံးလုံး လုပ်ဆောင်ကြရန်လိုကြောင်း၊အခွင့်အရေးယူရန်အတွက်မဟုတ်ပဲ၊တိုင်းပြည်ကိုကောင်းအောင်မည်သို့ဆောင်ရွက်ရမည်ပြည်သူကိုမည်သို့ကူညီပေးရမည်ဟူသောစိတ်ကောင်းထားရှိရန်လိုအပ်ကြောင်း၊ပါတီအောင်နိုင်ရေးအတွက်လည်းစုပေါင်းညီညွတ်မှုအားဖြင့်ဆောင်ရွက်ကြရန်လိုအပ်ကြောင်းမှာကြားပြီးမွန်းလွဲပိုင်းတွင်တွေ့ဆုံပွဲပြီးဆုံးခဲ့ပါသည်။