မ်က္စိနာေရာဂါမျပန႔္ပြားေစရန္ ႏွိုးေဆာ္ခ်က္ ထုတ္ျပန္

လတ္တေလာျဖစ္ပြားေနတဲ့ မ်က္ေျမႇးေရာင္ေရာဂါ ဒါမွမဟုတ္ မ်က္စိနာေရာဂါ မျပန႔္ပြားေစဖို႔ လိုက္နာရမယ့္ အခ်က္ေတြကို က်န္းမာေရးဝန္ႀကီးဌာနက ကာကြယ္ေရးႏွိုးေဆာ္ခ်က္ ထုတ္ျပန္ပါတယ္။
အဲဒီေရာဂါဟာ ဗိုင္းရပ္ပိုးေၾကာင့္ ျဖစ္ပြားတာျဖစ္ၿပီး ေရာဂါျဖစ္ပြားရင္ ၅ ရက္ကေန ၇ ရက္ထိ ၾကာျမင့္တတ္ကာ ေရာဂါလကၡဏာေတြကေတာ့ မ်က္စိနီရဲတာ၊ မ်က္စိယားယံတာနဲ႔ မ်က္ရည္ယိုတာေတြ ျဖစ္နိုင္တယ္လို႔ သိရပါ တယ္။
မ်က္ေျမႇးေရာင္ေရာဂါဟာ ေရာဂါျဖစ္သူရဲ့ အသုံးအေဆာင္ေတြကို ကိုင္တြဲသုံးစြဲတာနဲ႔ နီးကပ္စြာ အတူေနထိုင္တာ ေတြေၾကာင့္ ေရာဂါအလြယ္တကူ ကူးစက္ျပန႔္ပြားနိုင္တဲ့အတြက္ အထူးသတိျပဳ ေရွာင္ရွားရမယ္လို႔လည္း ႏွိုးေဆာ္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ေရာဂါမျပန႔္ပြားေစဖို႔ လိုက္နာရမယ့္ အခ်က္ေတြကေတာ့ ေရာဂါျဖစ္သူရဲ့ အသုံးအေဆာင္ေတြကို အျခားသူေတြက အတူသုံးစြဲတာ လုံးဝမျပဳလုပ္ရဘဲ လက္ကိုင္ပဝါအစား တစ္ခါသုံး တစ္သၽွဴးစကၠဴကို အသုံးျပဳသင့္ၿပီး ေရာဂါျဖစ္ သူရဲ့အဝတ္အစားေတြကိုလည္း သီးသန႔္ေလၽွာ္ဖြတ္သန႔္စင္ေပးရမွာျဖစ္ပါတယ္။ ေရာဂါျဖစ္ပြားရင္ မ်က္စိနာသူရဲ့ မ်က္လုံးတစ္ဝိုက္ကို သန႔္ရွင္ေရးျပဳလုပ္ေပးၿပီး မ်က္ရည္တု မ်က္စဥ္းေဆးရည္ကို တစ္ေန႔ ၃ – ၄ ႀကိမ္ ခတ္ေပးနိုင္ ကာ မ်က္စိကို မသန႔္ရွင္းမီနဲ႔ မ်က္စဥ္းေဆးရည္ခတ္ၿပီးတိုင္း လက္ကို ဆပ္ျပာနဲ႔ ေသခ်ာစြာေဆးေၾကာ ေပးရမယ္ လို႔ ဆိုပါတယ္။
ဒါ့အျပင္ ေရာဂါမသက္သာရင္ နီးစပ္ရာေဆး႐ုံ၊ ေဆးခန္းေတြနဲ႔ မ်က္စိကုဌာနကိုျပသရမွာျဖစ္ၿပီး အျခားသူေတြကို ေရာဂါမကူးစက္ေစဖို႔အတြက္ ေရာဂါျဖစ္သူဟာ မ်က္စိကိုမကိုင္မိေစဖို႔ အကာအကြယ္မ်က္မွန္ တပ္ထားသင့္တယ္ လို႔လည္း အသိေပးထုတ္ျပန္ထားပါတယ္။

===================

မျက်စိနာရောဂါမပြန့်ပွားစေရန် နှိုးဆော်ချက် ထုတ်ပြန်

လတ်တလောဖြစ်ပွားနေတဲ့ မျက်မြှေးရောင်ရောဂါ ဒါမှမဟုတ် မျက်စိနာရောဂါ မပြန့်ပွားစေဖို့ လိုက်နာရမယ့် အချက်တွေကို ကျန်းမာရေးဝန်ကြီးဌာနက ကာကွယ်ရေးနှိုးဆော်ချက် ထုတ်ပြန်ပါတယ်။
အဲဒီရောဂါဟာ ဗိုင်းရပ်ပိုးကြောင့် ဖြစ်ပွားတာဖြစ်ပြီး ရောဂါဖြစ်ပွားရင် ၅ ရက်ကနေ ၇ ရက်ထိ ကြာမြင့်တတ်ကာ ရောဂါလက္ခဏာတွေကတော့ မျက်စိနီရဲတာ၊ မျက်စိယားယံတာနဲ့ မျက်ရည်ယိုတာတွေ ဖြစ်နိုင်တယ်လို့ သိရပါ တယ်။
မျက်မြှေးရောင်ရောဂါဟာ ရောဂါဖြစ်သူရဲ့ အသုံးအဆောင်တွေကို ကိုင်တွဲသုံးစွဲတာနဲ့ နီးကပ်စွာ အတူနေထိုင်တာ တွေကြောင့် ရောဂါအလွယ်တကူ ကူးစက်ပြန့်ပွားနိုင်တဲ့အတွက် အထူးသတိပြု ရှောင်ရှားရမယ်လို့လည်း နှိုးဆော်ချက်မှာ ဖော်ပြထားပါတယ်။
ရောဂါမပြန့်ပွားစေဖို့ လိုက်နာရမယ့် အချက်တွေကတော့ ရောဂါဖြစ်သူရဲ့ အသုံးအဆောင်တွေကို အခြားသူတွေက အတူသုံးစွဲတာ လုံးဝမပြုလုပ်ရဘဲ လက်ကိုင်ပဝါအစား တစ်ခါသုံး တစ်သျှူးစက္ကူကို အသုံးပြုသင့်ပြီး ရောဂါဖြစ် သူရဲ့အဝတ်အစားတွေကိုလည်း သီးသန့်လျှော်ဖွတ်သန့်စင်ပေးရမှာဖြစ်ပါတယ်။ ရောဂါဖြစ်ပွားရင် မျက်စိနာသူရဲ့ မျက်လုံးတစ်ဝိုက်ကို သန့်ရှင်ရေးပြုလုပ်ပေးပြီး မျက်ရည်တု မျက်စဉ်းဆေးရည်ကို တစ်နေ့ ၃ – ၄ ကြိမ် ခတ်ပေးနိုင် ကာ မျက်စိကို မသန့်ရှင်းမီနဲ့ မျက်စဉ်းဆေးရည်ခတ်ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ သေချာစွာဆေးကြော ပေးရမယ် လို့ ဆိုပါတယ်။
ဒါ့အပြင် ရောဂါမသက်သာရင် နီးစပ်ရာဆေးရုံ၊ ဆေးခန်းတွေနဲ့ မျက်စိကုဌာနကိုပြသရမှာဖြစ်ပြီး အခြားသူတွေကို ရောဂါမကူးစက်စေဖို့အတွက် ရောဂါဖြစ်သူဟာ မျက်စိကိုမကိုင်မိစေဖို့ အကာအကွယ်မျက်မှန် တပ်ထားသင့်တယ် လို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။