ပဲခူးတိုင္းေဒသႀကီး ျပည္ခိုင္ၿဖိဳးပါတီမွ ေရနစ္ေနေသာျပည္သူအမ်ားအား ကူညီကယ္ထုတ္ ေနရာေရႊ႕ေျပာင္း

ပဲခူး ေအာက္တိုဘာလ ၁၀
ပဲခူးျမစ္ေရႀကီးမႈ ၊မိုးအဆက္မျပတ္သည္းထန္စြာ ရြာသြန္းမႈေၾကာင့္ ပဲခူးၿမိဳနယ္အတြင္း၌ ရပ္ကြက္/ေက်းရြာအုပ္စုမ်ားတြင္ ပိတ္မိေနေသာ ျပည္စူအမ်ားအား တိုင္းေဒသႀကီးျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ဦးရဲျမင့္ထြန္း၏ ေျမျပင္ဦးေဆာင္လမ္းညြန္မႈႏွင့္အတူ တိုင္းပါတီ၏ဘ႑ာေရးမႉးဦးဝင္းျမင့္ေအာင္ ဦးေဆာင္ကြပ္ကဲေသာအဖြဲသည္ေအာက္တိုဘာလ ၁၀ ရက္ေန႔ ေန႔လယ္ပိုင္းက ပဲခူးတိုင္းေဒသႀကီးအစိုးရအဖြဲ၏ ထုတ္ျပန္ေၾကညာခ်က္အရ “ပဲခူးၿမိဳနယ္အတြင္း မိုးသည္းထန္စြာအဆက္မျပတ္ရြာသြန္းမႈေၾကာင့္ ဇလပ္ေထာ္ေရေလွာင္တမံရွိ Spill Way ေရေက်ာ္၍ ေပ(၅၀)ခန႔္ ပ်က္ဆီးခဲ့သျဖင့္ အဆိုပါဆည္ေရအား အရွိန္ေလ်ာ့ခ်နိုင္ေရး ဇလပ္ေထာ္ေခ်ာင္းအတြင္းသို ေရေဖာက္ထုတ္မည္ျဖစ္ကာ တမံေအာက္ေက်းရြာမ်ားျဖစ္သည့္ သာယာေအးေက်းရြာ၊ လက္ပံဝင္းေက်းရြာ၊ ဘူးလယ္အင္းေက်းရြာ၊ လသာကုန္းေက်းရြာမ်ားသို ဆည္ေရမ်ားဝင္ေရာက္နိုင္မည္ျဖစ္ေၾကာင္း” ေၾကညာခ်က္မ်ားအရ အထက္အမည္ပါေက်းရြာမ်ားရွိ ေရလႊမ္းမိုးရာမွ ပိတ္မိေနေသာ ေဒသခံျပည္သူအမ်ားအား တာဝန္ရွိသူမ်ားႏွင့္ ပူးေပါင္း၍ ကူညီ ေရႊ႕ေျပာင္း ကယ္ထုတ္လၽွက္ရွိပါသည္။ တိုင္းေဒသႀကီး ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ဦးေဆာင္ေသာအဖြဲသည္ ေအာက္တိုဘာလ (၈) ရက္ေန႔နံနက္ပိုင္းမွစ၍ ၿမိဳနယ္အတြင္းရွိ ဘုန္းေတာ္ႀကီးေက်ာင္းမ်ား၊ စာသင္တိုက္မ်ား ၊ ယာယီေရေဘးကယ္ဆယ္ေရးစခန္းမ်ား ၊ လူေနအိမ္မ်ားသို အသင့္စားထမင္းဗူးမ်ား ၊ ေရသန္႔ကဒ္မ်ား ၊ ဆန္အိပ္၊ဖေယာင္းတိုင္စသည္တိုကို ယခုအခ်ိန္အထိ ကြင္းဆင္းလႉဒါန္းျခင္း ၊ေရနစ္ျမႇပ္မႈေၾကာင့္ ပိတ္မိေနသူမ်ားအား လူေနရပ္ကြက္မ်ားရွိ အိမ္မ်ားအတြင္းမွ ေရေဘးလြတ္ရာသို ေျပာင္းေရႊ႕ကယ္ထုတ္ျခင္းမ်ားအား အဖြဲမ်ားခြဲထုတ္၍ စီမံေဆာင္ရႊက္ေနေၾကာင္းသိရပါတယ္။

===============================

ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ရေနစ်နေသောပြည်သူအများအား ကူညီကယ်ထုတ် နေရာရွှေ့ပြောင်း

ပဲခူး အောက်တိုဘာလ ၁၀
ပဲခူးမြစ်ရေကြီးမှု ၊မိုးအဆက်မပြတ်သည်းထန်စွာ ရွာသွန်းမှုကြောင့် ပဲခူးမြိုနယ်အတွင်း၌ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ပိတ်မိနေသော ပြည်စူအများအား တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးရဲမြင့်ထွန်း၏ မြေပြင်ဦးဆောင်လမ်းညွန်မှုနှင့်အတူ တိုင်းပါတီ၏ဘဏ္ဍာရေးမှူးဦးဝင်းမြင့်အောင် ဦးဆောင်ကွပ်ကဲသောအဖွဲသည်အောက်တိုဘာလ ၁၀ ရက်နေ့ နေ့လယ်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ၏ ထုတ်ပြန်ကြေညာချက်အရ “ပဲခူးမြိုနယ်အတွင်း မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုကြောင့် ဇလပ်ထော်ရေလှောင်တမံရှိ Spill Way ရေကျော်၍ ပေ(၅၀)ခန့် ပျက်ဆီးခဲ့သဖြင့် အဆိုပါဆည်ရေအား အရှိန်လျော့ချနိုင်ရေး ဇလပ်ထော်ချောင်းအတွင်းသို ရေဖောက်ထုတ်မည်ဖြစ်ကာ တမံအောက်ကျေးရွာများဖြစ်သည့် သာယာအေးကျေးရွာ၊ လက်ပံဝင်းကျေးရွာ၊ ဘူးလယ်အင်းကျေးရွာ၊ လသာကုန်းကျေးရွာများသို ဆည်ရေများဝင်ရောက်နိုင်မည်ဖြစ်ကြောင်း” ကြေညာချက်များအရ အထက်အမည်ပါကျေးရွာများရှိ ရေလွှမ်းမိုးရာမှ ပိတ်မိနေသော ဒေသခံပြည်သူအများအား တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ကူညီ ရွှေ့ပြောင်း ကယ်ထုတ်လျှက်ရှိပါသည်။ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးဆောင်သောအဖွဲသည် အောက်တိုဘာလ (၈) ရက်နေ့နံနက်ပိုင်းမှစ၍ မြိုနယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်တိုက်များ ၊ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ ၊ လူနေအိမ်များသို အသင့်စားထမင်းဗူးများ ၊ ရေသန့်ကဒ်များ ၊ ဆန်အိပ်၊ဖယောင်းတိုင်စသည်တိုကို ယခုအချိန်အထိ ကွင်းဆင်းလှူဒါန်းခြင်း ၊ရေနစ်မြှပ်မှုကြောင့် ပိတ်မိနေသူများအား လူနေရပ်ကွက်များရှိ အိမ်များအတွင်းမှ ရေဘေးလွတ်ရာသို ပြောင်းရွှေ့ကယ်ထုတ်ခြင်းများအား အဖွဲများခွဲထုတ်၍ စီမံဆောင်ရွှက်နေကြောင်းသိရပါတယ်။