မုဒုံမြို့နယ်ပါတီကော်မတီဝင်များ အစည်းအဝေး ပြုလုပ်

မွန်ပြည်နယ်၊ မုဒုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ စက်တင်ဘာ(၂၄)ရက်နေ့ နံနက် (၁၁) နာရီချိန်တွင် မြို့နယ်ပါတီကော်မတီဝင်များနှင့် အရံပါတီ ကော်မတီဝင်များ အစည်းအဝေးပြုလုပ်သည်။

အဆိုပါအစည်းအဝေးတွင် မြို့နယ်ပါတီဥက္ကဌ ဦးကျော်ကျော်လွင်မှ မိမိပါတီအနေဖြင့် ရှေ့ဆက်ဆောင်ရွက်ရမည့်အစီအစဉ်များ၊ မြို့နယ်ကော်မတီဝင်များ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ချပြဆွေးနွေးကာ ၊ မြို့နယ်ကော်မတီဝင် လူငယ်ရေးရာ တာဝန်ခံမှ လူငယ်အခန်းဂဏ္ဍများအား ချပြဆွေးနွေးကာ တက်ရောက်လာသော ပါတီကော်မတီဝင်နှင့် အရံကော်မတီဝင်များမှ သိရှိလိုတာများအား မေးမြန်းခဲ့ကြပြီး မွန်းတည့် (၁၂)နာရီချိန်တွင် အစည်းအဝေး ပြီးမြောက်ခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မွန်ပြည်နယ်


Leave a Reply