မလေးရှားနိုင်ငံ၏ ၁၆ ဦးမြောက်ဘုရင် ကျမ်းသစ္စာကျိန်ဆို

ကွာလာလမ်ပူ ဇန်န၀ါရီ ၃၁

ဆူလ်တန်အဗ္ဗဒူလာဆူလ်တန်အာမတ်ရှားသည် ဇန်န၀ါရီ ၃၁ ရက်က အမျိုးသားနန်းတော်၌ ပြုလုပ်သည့် အခမ်းအနားတွင် မလေးရှားနိုင်ငံ၏ ၁၆ ဦးမြောက်ဘုရင်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြောင်း သိရသည်။

အဗ္ဗ်္ဗဒူလာသည် အခြားသော ဘုရင်ခံများ၏ ရှေ့မှောက်တွင် ကျမ်းသစ်္စာကျိန်ဆိုခြင်းနှင့် တာဝန်အပ်နှင်းခြင်းအား လက်မှတ်ရေးထိုးခြင်းများ ပြုလုပ်ခဲ့သည်။

မလေးရှားနိုင်ငံ ပါဟန်းပြည်နယ် ဘုရင်ခံလည်းဖြစ်သော အဗ္ဗဒူလာသည် ပီရတ်ပြည်နယ် ဘုရင်ခံ ဆူလ်တန်နာဇရင်းနှင့်အတူ လာမည့်ငါးနှစ်တာအတွက် တာဝန်ထမ်းဆောင်သွားမည်ဖြစ်သည်။

ဘုရင်သစ် ရာထူးအပ်နှင်းခြင်းအခမ်းအနားသို့ မလေးရှားနိုင်ငံ ၀န်ကြီးချုပ် မဟာသီယာမိုဟာမက်လည်း ၎င်းင်း၏ အစိုးရအဖွဲ့နှင့်အတူ တက်ရောက်ခဲ့ကြောင်း သိရသည်။

အသက် ၅၉ နှစ်ရှိ အဗ်္ဗဒူလာသည် အားကစားတွင် ထဲထဲဝင်ဝင်ပါဝင်မှုရှိပြီး အာဆီယံဘောလုံးအဖွဲ့ချုပ်၏ ကောင်စီဝင်တစ်ဦးလည်းဖြစ်သလို ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ကောင်စီဝင် တစ်ဦးလည်းဖြစ်သည်။ ထို့ပြင် ၎င်းသည် မလေးရှားနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌလည်းဖြစ်သည်။

လွန်ခဲ့သည့် ဇန်န၀ါရီ ၆ ရက်က ဘုရင်ဟောင်းလည်းဖြစ် ကက်လန်တန်ပြည်နယ် ဘုရင်ခံလည်းဖြစ်သူ ဆူလ်တန်မူဟာမက်-၅ ရာထူးမှ နုတ်ထွက်သွားပြီးနောက် မလေးရှားနိုင်ငံ၏ ၁၆ ဦးမြောက်ဘုရင်အဖြစ် ဆူလ်တန်အဗ္ဗဒူလာဆူလ်တန်အာမတ် ရှားသည်ယခုလို ကျမ်းသစ္စာကျိန်ဆိုခဲ့ခြင်းဖြစ်သည်။  

 

(ဆင်ဟွာ)