ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္ ႐ုရွားေရာက္ေန

႐ုရွားနိုင္ငံကို ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္သြားေရာက္ၿပီလို႔ ဂ်ပန္မီဒီယာေတြကို ကိုးကားၿပီး ရိုက္တာသတင္းက ေဖာ္ျပပါတယ္။
ကင္ဂ်ဳံအန္ က ကိုယ္ပိုင္ရထားစီးၿပီး ျပဳံယမ္းကေန တနဂၤေႏြေန႔မွာထြက္ခြာသြားခဲ့ေၾကာင္းနဲ႔ သူနဲ႔အတူ ေျမာက္ကိုရီးယားရဲ့ လက္နက္လုပ္ငန္းထိပ္တန္းအရာရွိေတြ ၊ စစ္ဘက္ဆိုင္ရာအရာရွိႀကီးေတြနဲ႔ နိုင္ငံျခားေရးဝန္ႀကီးလည္း လိုက္ပါသြားခဲ့တယ္လို႔ ေျမာက္ကိုရီးယား အစိုးရ သတင္းဌာန က ေျပာၾကားပါတယ္။
ကင္ဂ်ဳံအန္လိုက္ပါခဲ့တဲ့ ရထား က ေျမာက္ကိုရီးယားကေန ႐ုရွားအေရွ႕ဖ်ား ဆက္သြယ္ထားေသာ အဓိက ရထားဘူတာျဖစ္တဲ့ ခါဆန္ ဘူတာ႐ုံကို ေရာက္ရွိခဲ့တယ္လို႔ အမည္မေဖာ္တဲ့ ႐ုရွားသတင္းရင္းျမစ္ကို ကိုးကားၿပီး ဂ်ပန္ က်ိဳဒိုသတင္း က ေျပာၾကားပါတယ္။
ကင္ဂ်ဳံအန္ ရဲ့ ရထားက အဂၤါေန႔က ႐ုရွားနိုင္ငံကို ဝင္ေရာက္ခဲ့တယ္လို႔ ယုံၾကည္ရတယ္လို႔ ေတာင္ကိုရီးယားကာကြယ္ေရးဝန္ႀကီးဌာန က ေျပာပါတယ္။
႐ုရွားနဲ႔ ေျမာက္ကိုရီးယားကိုယ္စားလွယ္ႏွစ္ဖြဲ႕ၾကား ေဆြးေႏြးညႇိႏွိူင္းမႈေတြ ရွိမွာျဖစ္ေၾကာင္း နဲ႔ လိုအပ္ပါက ေခါင္းေဆာင္ႏွစ္ဦး အခ်င္းခ်င္းဆက္လက္ ေဆြးေႏြးၾကမွာ ျဖစ္ေၾကာင္း ကင္ဂ်ဳံအန္ ရဲ့ အလည္အပတ္ခရီးနဲ႔ပတ္သက္ၿပီး ကရင္မလင္ ေျပာခြင့္ရ ဒီမီထရီပက္စေကာ့ဗ္ က ေျပာၾကားပါတယ္။
႐ုရွားသမၼတ ဗလာဒီမာပူတင္ က အေရွ႕ဖ်ားစီးပြားေရးဖိုရမ္ကို တက္ေရာက္ဖို႔ ဗလာဒီမာေဗာ့စေတာ့ၿမိဳ႕ကို တနလၤာေန႔ က ေရာက္ရွိခဲ့တယ္လို႔ ႐ုရွား တာ့စ္သတင္းဌာနက ေျပာၾကားပါတယ္။
အဲဒီစီးပြားေရးဖိုရမ္အၿပီးမွာ ေခါင္း‌ေဆာင္ႏွစ္ဦးေတြ႕ဆုံၾကမွာျဖစ္ေၾကာင္း နဲ႔ သူတို႔က သတင္းစာရွင္းလင္းပြဲလုပ္ဖို႔ အစီအစဥ္မရွိေၾကာင္း ေျပာခြင့္ရပုဂၢိဳလ္ ဒီမီထရီ ပက္စ္ေကာ့ဗ္ ကို ကိုးကားၿပီး ႐ုရွားသတင္းဌာနေတြက ေဖာ္ျပၾကပါတယ္။
ေခါင္းေဆာင္ႏွစ္ဦး ဘယ္ေနရာမွာ ေတြ႕ဆုံၾကမလဲ ဆိုတာကို မသိရသလို စီးပြားေရးဖိုရမ္ကို တက္မွာလားဆိုတာကို မသိရေၾကာင္း သတင္းက ေဖာ္ျပပါတယ္။
-Ref:Reuters

================================

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် ရုရှားရောက်နေ

ရုရှားနိုင်ငံကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သွားရောက်ပြီလို့ ဂျပန်မီဒီယာတွေကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြပါတယ်။
ကင်ဂျုံအန် က ကိုယ်ပိုင်ရထားစီးပြီး ပြုံယမ်းကနေ တနင်္ဂနွေနေ့မှာထွက်ခွာသွားခဲ့ကြောင်းနဲ့ သူနဲ့အတူ မြောက်ကိုရီးယားရဲ့ လက်နက်လုပ်ငန်းထိပ်တန်းအရာရှိတွေ ၊ စစ်ဘက်ဆိုင်ရာအရာရှိကြီးတွေနဲ့ နိုင်ငံခြားရေးဝန်ကြီးလည်း လိုက်ပါသွားခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရ သတင်းဌာန က ပြောကြားပါတယ်။
ကင်ဂျုံအန်လိုက်ပါခဲ့တဲ့ ရထား က မြောက်ကိုရီးယားကနေ ရုရှားအရှေ့ဖျား ဆက်သွယ်ထားသော အဓိက ရထားဘူတာဖြစ်တဲ့ ခါဆန် ဘူတာရုံကို ရောက်ရှိခဲ့တယ်လို့ အမည်မဖော်တဲ့ ရုရှားသတင်းရင်းမြစ်ကို ကိုးကားပြီး ဂျပန် ကျိုဒိုသတင်း က ပြောကြားပါတယ်။
ကင်ဂျုံအန် ရဲ့ ရထားက အင်္ဂါနေ့က ရုရှားနိုင်ငံကို ဝင်ရောက်ခဲ့တယ်လို့ ယုံကြည်ရတယ်လို့ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာန က ပြောပါတယ်။
ရုရှားနဲ့ မြောက်ကိုရီးယားကိုယ်စားလှယ်နှစ်ဖွဲ့ကြား ဆွေးနွေးညှိနှိူင်းမှုတွေ ရှိမှာဖြစ်ကြောင်း နဲ့ လိုအပ်ပါက ခေါင်းဆောင်နှစ်ဦး အချင်းချင်းဆက်လက် ဆွေးနွေးကြမှာ ဖြစ်ကြောင်း ကင်ဂျုံအန် ရဲ့ အလည်အပတ်ခရီးနဲ့ပတ်သက်ပြီး ကရင်မလင် ပြောခွင့်ရ ဒီမီထရီပက်စကော့ဗ် က ပြောကြားပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင် က အရှေ့ဖျားစီးပွားရေးဖိုရမ်ကို တက်ရောက်ဖို့ ဗလာဒီမာဗော့စတော့မြို့ကို တနင်္လာနေ့ က ရောက်ရှိခဲ့တယ်လို့ ရုရှား တာ့စ်သတင်းဌာနက ပြောကြားပါတယ်။
အဲဒီစီးပွားရေးဖိုရမ်အပြီးမှာ ခေါင်း‌ဆောင်နှစ်ဦးတွေ့ဆုံကြမှာဖြစ်ကြောင်း နဲ့ သူတို့က သတင်းစာရှင်းလင်းပွဲလုပ်ဖို့ အစီအစဉ်မရှိကြောင်း ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီ ပက်စ်ကော့ဗ် ကို ကိုးကားပြီး ရုရှားသတင်းဌာနတွေက ဖော်ပြကြပါတယ်။
ခေါင်းဆောင်နှစ်ဦး ဘယ်နေရာမှာ တွေ့ဆုံကြမလဲ ဆိုတာကို မသိရသလို စီးပွားရေးဖိုရမ်ကို တက်မှာလားဆိုတာကို မသိရကြောင်း သတင်းက ဖော်ပြပါတယ်။
-Ref:Reuters