“ျပင္သစ္ သမၼတ က နိုင္ဂ်ာနိုင္ငံရွိ ျပင္သစ္ တပ္ဖြဲ႕ဝင္ မ်ားအား ယခုႏွစ္ကုန္ပိုင္းတြင္ အၿပီးအပိုင္ ႐ုပ္သိမ္းမႈမ်ားျပဳ လုပ္သြားမည္ ျဖစ္ေၾကာင္း ထုတ္ျပန္ေၾကညာခဲ့”

စက္တင္ဘာ ၂၅
ျပင္သစ္သမၼတ Emmanuel Macron က နိုင္ဂ်ာနိုင္ငံတြင္ တပ္စြဲထားေသာ ၎တို႔၏ စစ္တပ္မ်ားကို ၂၀၂၃ ႏွစ္ကုန္ပိုင္းတြင္ ႐ုပ္သိမ္းသြားမည္ျဖစ္ေၾကာင္း ၿပီးခဲ့သည့္ တနဂၤေႏြေန႔ညေနပိုင္းတြင္ ေျပာၾကားခဲ့ပါတယ္။
ျပင္သစ္သမၼတ၏ အဆ္ိုအရ ၎တို႔နိုင္ငံသည္ နိုင္ဂ်ာနိုင္ငံ၏ အာဏာသိမ္း စစ္အစိုးရ ႏွင့္ စစ္ေရးအရ ပူးေပါင္းေဆာင္ရြက္မႈမ်ားကို ျငင္းဆိုထားၿပီးလည္းျဖစ္ပါတယ္။
ျပင္သစ္သမၼတ Emmanuel Macron က France 2 ႐ုပ္သံလိုင္းႏွင့္ စက္တင္ဘာ ၂၄ရက္ေန႔က ေတြ႕ဆုံေမးျမန္းခန္းတြင္ “အၾကမ္းဖက္ဝါဒကို တိုက္ဖ်က္ရာမွာ မပါဝင္ခ်င္ေတာ့တဲ့အတြက္ လက္ရွိ နိုင္ဂ်ာအာဏာပိုင္ေတြနဲ႔ စစ္ေရးပူးေပါင္းေဆာင္ရြက္မႈကို ရပ္ဆိုင္းသြားမွာပါ” လို႔ ၎က ေျပာၾကားခဲ့တာျဖစ္ၿပီး “ႏွစ္မကုန္မီ” ျပင္သစ္ တပ္ဖြဲ႕မ်ားကို နိုင္ဂ်ာနိုင္ငံအတြင္းမွ အျပည့္အဝ ဆုတ္ခြာသြားမည္ျဖစ္ေၾကာင္း ၎က ထပ္ေလာင္း ရွင္းလင္းေျပာၾကားခဲ့​ပါတယ္။
ထို႔ေနာက္ အဆိုပါ ႐ုပ္ျမင္သံၾကားအင္ တာဗ်ဴးတြင္ သမၼတ Macron က နိုင္ဂ်ာနိုင္ငံ Sahel ေဒသတြင္ အၾကမ္းဖက္ မႈကိုတိုက္ဖ်က္ေရးမ်ားအတြက္ တပ္စြဲထားေသာျပင္သစ္စစ္သား ၁,၅၀၀ ေက်ာ္ သည္ ယခုႏွစ္ကုန္တြင္ စည္းစနစ္ တက်ျဖင့္ ျပန္လည္႐ုပ္သိမ္းလာလိမ့္မည္” လို႔ ေျပာၾကားခဲ့ေၾကာင္း သတင္းဌာနမ်ားက ေဖာ္ျပေျပာဆိုထားၾကပါတယ္။

==============================

“ပြင်သစ် သမ္မတ က နိုင်ဂျာနိုင်ငံရှိ ပြင်သစ် တပ်ဖွဲ့ဝင် များအား ယခုနှစ်ကုန်ပိုင်းတွင် အပြီးအပိုင် ရုပ်သိမ်းမှုများပြု လုပ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့”

စက်တင်ဘာ ၂၅
ပြင်သစ်သမ္မတ Emmanuel Macron က နိုင်ဂျာနိုင်ငံတွင် တပ်စွဲထားသော ၎င်းတို့၏ စစ်တပ်များကို ၂၀၂၃ နှစ်ကုန်ပိုင်းတွင် ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် တနင်္ဂနွေနေ့ညနေပိုင်းတွင် ပြောကြားခဲ့ပါတယ်။
ပြင်သစ်သမ္မတ၏ အဆ်ိုအရ ၎င်းတို့နိုင်ငံသည် နိုင်ဂျာနိုင်ငံ၏ အာဏာသိမ်း စစ်အစိုးရ နှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများကို ငြင်းဆိုထားပြီးလည်းဖြစ်ပါတယ်။
ပြင်သစ်သမ္မတ Emmanuel Macron က France 2 ရုပ်သံလိုင်းနှင့် စက်တင်ဘာ ၂၄ရက်နေ့က တွေ့ဆုံမေးမြန်းခန်းတွင် “အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရာမှာ မပါဝင်ချင်တော့တဲ့အတွက် လက်ရှိ နိုင်ဂျာအာဏာပိုင်တွေနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းသွားမှာပါ” လို့ ၎င်းက ပြောကြားခဲ့တာဖြစ်ပြီး “နှစ်မကုန်မီ” ပြင်သစ် တပ်ဖွဲ့များကို နိုင်ဂျာနိုင်ငံအတွင်းမှ အပြည့်အဝ ဆုတ်ခွာသွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ရှင်းလင်းပြောကြားခဲ့​ပါတယ်။
ထို့နောက် အဆိုပါ ရုပ်မြင်သံကြားအင် တာဗျူးတွင် သမ္မတ Macron က နိုင်ဂျာနိုင်ငံ Sahel ဒေသတွင် အကြမ်းဖက် မှုကိုတိုက်ဖျက်ရေးများအတွက် တပ်စွဲထားသောပြင်သစ်စစ်သား ၁,၅၀၀ ကျော် သည် ယခုနှစ်ကုန်တွင် စည်းစနစ် တကျဖြင့် ပြန်လည်ရုပ်သိမ်းလာလိမ့်မည်” လို့ ပြောကြားခဲ့ကြောင်း သတင်းဌာနများက ဖော်ပြပြောဆိုထားကြပါတယ်။