ဗဟိုအလုပ်အမှုဆောင် ဦးခင်ရီနှင့် ဦးခင်မောင်စိုး မြို့နယ်ပါတီဥက္ကဋ္ဌများနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ ဦးခင်ရီ၊ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့သည် ရန်ကုန်တောင်ပိုင်း ခရိုင် မြို့နယ်ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီက ရန်ကုန်တိုင်းပြည်ခိုင်ဖြိုး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အစီအစဉ်အရ ပါတီဗဟိုအလုပ်အမှုဆောင် ဦးခင်ရီက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသောခရိုင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌများက မိမိတို့ ခရိုင်နှင့်    မြို့နယ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်များကို အသီးသီးတင်ပြခဲ့ကြသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မီးဘေးသင့်ပြည်သူများအား အလှူငွေနှင့်ပစ္စည်းများလှူဒါန်း

 

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန် အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(မြောက် ပိုင်း)မြို့နယ် (၅၁)ရပ်ကွက် အောင် သစ္စာလမ်းတွင် ယခုလ ၂၃ ရက် နံနက် ၅နာရီ ၃၅ မိနစ်၌ မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့ရာအိမ်ခြေ၃၈ လုံး၊ လူဦးရေ ၁၅၆ ဦးတို့ အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့ရာမီးဘေးသင့်ပြည်သူများ အတွက်ယာယီမီးဘေးကယ်ဆယ် ရေးစခန်းအား အမက(၃)စာ သင် ကျောင်းတွင်ဖွင့်လှစ်ထားရှိခဲ့သည်။

ပါတီဗဟိုအတွင်းရေးမှူးဒေါက်တာစန်းစန်းနွယ် ဆံပင်မိတ်ကပ်အလှပြင်သင်တန်းဖွင့်ပွဲတက်ရောက်အမှာစကားပြောကြား

 

ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာ တောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှ အမျိုးသမီးငယ်လေးများ အတွက် အမျိုးသမီးဘဝမြှင့်တင် ရေးအစီအစဉ်အဖြစ် မိတ်ကပ်ဆံ ပင်အလှပြင်သင်တန်းကို ယမန်နေ့ မွန်းလွဲ ၂နာရီက မင်္ဂလာတောင် ညွန့်မြို့နယ် ပါတီရုံး၌ ကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်၊ ဗဟိုကော် မတီဝင်ဒေါ်အေးအေးမြင့်၊ ခရိုင် ကော်မတီဝင် ဒေါ်လဲ့လဲ့အေး၊ မြို့ နယ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင် များ၊ သင်တန်းသူ ၂၅ ဦးတက် ရောက်သည်။ သင်တန်းဖွင့်ပွဲ အစီ အစဉ်အရ ပြည်ခိုင်ဖြိုးပါတီဗဟို အတွင်းရေးမှူးအမျိုးသမီးရေးရာ တာဝန်ခံ ဒေါက်တာစန်းစန်းနွယ် က အမှာစကားပြောကြားပြီး သင် တန်းကိုဖွင့်လှစ်ပေးခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များ မှော်ဘီမြို့နယ်ပါတီဝင်များနှင့်တွေ့ဆုံ

 

ရန်ကုန်တိုင်းဒေသကြီးမြောက် ပိုင်းခရိုင် မှော်ဘီမြို့နယ် ဝါးနက် ချောင်း(စံပြ)ကျေးရွာတွင် ယနေ့ နံနက် ၁ဝ နာရီခွဲက ပြည်ခိုင်ဖြိုး ပါတီဗဟိုအတွင်းရေးမှူးဒေါက်တာ စန်းစန်းနွယ်၊ ဗဟိုအလုပ်အမှု ဆောင် ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ ဦးခင်ရီ၊ ဗဟိုအလုပ်အမှု ဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့်အဖွဲ့သည်မှော်ဘီ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်တွေ့ဆုံ ပွဲအခမ်းအနား ကျင်းပခဲ့သည်။

နိုင်ငံရေး စီမံ(ဆင့်ပွား)သင်တန်း အမှတ်စဉ်(၂) ဖွင့်

 

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေး စီမံခန့်ခွဲမှု ဆင့်ပွားသင်တန်းအမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက် ၉ နာရီခွဲတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီ ရုံးတွင်ကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဗဟိုကော်မတီဝင် တောင်ပိုင်းခရိုင်ပါတီ ဥက္ကဋ္ဌဦးလွင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ ကြောင်း သိရသည်။

ဖြိုးစေတနာဆေးကုသရေးအဖွဲ့အခမဲ့ကွင်းဆင်းဆေးကုသ

 

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ရန်ကုန်မြောက်ပိုင်းခရိုင် ဖြိုးစေတနာ(အခမဲ့)နယ်လှည့်အထွေ ထွေရောဂါဆေးကုသရေးအဖွဲ့မှ နယ်လှည့်ဆေးကုသရေးအဖွဲ့ခေါင်း ဆောင် ခရိုင်ပါတီဘဏ္ဍာရေးမှူးဦးကြည်စိုး ဦးဆောင်သော ဆရာဝန်၊ သူနာပြု၊ ဆေးဝါးကျွမ်းကျင်သူများပါဝင်သော ဆေးကုသရေးအဖွဲ့ သည် မှော်ဘီမြို့နယ် လှည်းငုတ်ချောင်းကျေးရွာအုပ်စု ရေတွင်းကုန်း ကျေးရွာမြောက်ပိုင်းဓမ္မာရုံတွင် ကျေးရွာနေမိဘ ပြည်သူများအား ယနေ့ နံနက် ၉ နာရီမှစတင်၍ အနောက်တိုင်းဆေးဝါးဖြင့် အခမဲ့ ဆေးဝါးကုသမှုပြုလုပ်ပေးခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် လမ်းရှစ်လမ်းကွန်ကရစ်ခင်းကျင်းရန် ငွေလှူဒါန်း

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင် သာယာမြို့နယ် အမှတ်(၁၁)ရပ်ကွက် အောင်မင်္ဂလာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ လမ်းပေါင်း ရှစ်လမ်းကို ကွန်ကရစ်ထပ်ပိုးလွှာ ခင်းကျင်းနိုင်ရန် အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်မှ အလှူငွေကျပ်သိန်း၂ဝ လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ဇမ္ဗူရောင်ပန်းဘုန်းတော် ကြီးကျောင်း၌ ကျင်းပခဲ့သည်။

သာကေတပြည်ခိုင်ဖြိုး ရပ်ကွက်ပါတီဥက္ကဋ္ဌ တာဝန်ပေးအပ်ပွဲ ဗဟိုကော်မတီဝင်တက်ရောက်

 

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် သာကေတမြို့နယ်ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီ ကော်မတီရုံးတွင် ယနေ့မွန်းလွဲ ၃နာရီက ရပ်ကွက်ပါတီကော်မတီဥက္ကဋ္ဌများ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါတာဝန်ပေးအပ်ပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင် ရန်ကုန်တိုင်း ဒေသကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်း၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဒေါ်အေးအေးမြင့်၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိန်မြင့်နှင့်ခရိုင်ကော်မတီဝင်များ၊မြို့နယ်ပါတီဥက္ကဋ္ဌ ဦးညွန့်ဖေနှင့် ကော်မတီ ဝင်များနှင့် ရပ်ကွက်ပါတီဥက္ကဋ္ဌများ တက်ရောက်ကြသည်။

မြောက်ဥက္ကလာပြည်ခိုင်ဖြိုး မြို့နယ်ပါတီကော်မတီများ နယ်မြေကွင်းဆင်း

 

ရန်ကုန် ဖေဖော်ဝါရီ ၂၂

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးခင်မောင်မြင့် လမ်းညွန်မူ့ဖြင့် မြို့နယ်ပါတီကော်မတီများမှ နယ်မြေတာဝန်ခံအလိုက် ကွင်းဆင်းဆောင်ရွက်ခြင်း လုပ်ငန်းအား ယနေ့ မနက် (၉)နာရီတွင်မြို့နယ်ပါတီကော်မတီဝင် ဦးမျိုးဝင်း၊ ဦးအောင်ဝင်း၊ ဦးကျော်မင်း ၊ နယ်မြေခွဲတာဝန်ခံ ဦးအေးမင်းဇော်၊ စည်းရုံးတာဝန်ခံ ဦးသန်းဦးတို့မှ ပါတီဝင်အင်အားတိုး ရရှိရေးအတွက် ပါတီတွင်းကျစ်လစ်ခိုင်မာရေးပါတီဝင် နှစ်စဉ်ကြေးကောက်ခံရေးတို့အတွက်(စ)ရပ်ကွက်ပါတီကော်မတီများနင့် တွေ့ဆုံ၍ မနက်(၁၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့သည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဖြိုးစေတနာ သွားနှင့်ခံတွင်း(အခမဲ့) ကွင်းဆင်းကုသ

 

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(မြောက်ပိုင်း) ၄၅ ရပ်ကွက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဖြိုးစေတနာ သွားနှင့်ခံတွင်း(အခမဲ့) ကွင်းဆင်းကုသ ရေးအဖွဲ့မှ ယနေ့နံနက် ၉ နာရီမှစတင်၍ သွားနှင့်ခံတွင်း ဝေဒနာရှင် ၃၂ ဦးကို အခမဲ့ကွင်းဆင်း ကုသဆောင်ရွက်ပေးခဲ့သည်။

အဆိုပါကွင်းဆင်းကုသရာသို့ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဇော်၊ အတွင်းရေးမှူုးဦးသန်းစိုး၊ မြို့နယ်ပါတီကော်မတီဝင်များဖြစ်ကြသော ဦးမင်းဇော်ဦး၊ ဦးမြင့်ဦး၊ ဒေါ်တင်တင်အေး၊ ဒေါက်တာ ဇော်လင်းပြုံးနှင့် သွားဆရာဝန်ဒေါက်တာခိုင်ဇင်အောင်၊ ရပ်ကွက်စည်းရုံးရေးမှူးနှင့် အမှုဆောင်များ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။