ဒဂုံမြို့သစ် (မြောက်ပိုင်း) တွင် ရပ်ကွက်ပါတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ တာဝန်ပေးအပ်ပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်တက်ရောက်

ရန်ကုန် မတ် ၁၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးသာဝင်းသည် ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပါတီရုံးအစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပသော ရပ်ကွက်စည်းရုံးရေးမှူးများနှင့် အမှုဆောင်များအား ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များအဖြစ် တာဝန် ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်ခဲ့သည်။

မြို့နယ်/ရပ်ကွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး သင်္ဃန်းကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီကျင်းပ

ရန်ကုန် မတ် ၁၂

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် သင်္ဃန်းကျွန်းပြည်ခိုင်ဖြိုး မြို့နယ်/ရပ်ကွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယမန်နေ့မွန်းလွဲ ၃ နာရီက မြို့နယ်ပါတီ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီသို့ ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ ပြည်သူ ၂၃ဝဝ ခန့် ပါတီသို့ဝင်ရောက်

ရန်ကုန် မတ် ၁၂

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်အတွင်းရှိ မှော်ဘီမြို့နယ်၊ လှည်းကူးမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ အင်းစိန် မြို့နယ်၊ လှိုင်သာယာမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်ရှိ ကျေးရွာများမှ မြို့နယ်များအထိ ပါတီဝင်အဆိုပြုလွှာ စုပေါင်း ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီတွင် ထန်းတပင်မြို့နယ် ဘိုကြီးစုကျေးရွာ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်အားပေး အမှာစကားပြောကြားခဲ့သည်။

ရန်ကုန်တောင်ပိုင်းခရိုင် အမျိုးသမီးရေးရာတွေ့ဆုံပွဲ ပြုလုပ်

10.3.2018 ရက်နေ့တွင် ရန်ကုန်တောင်ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးများအား ကာကွယ်ရေး ဥပဒေရေးရာဆွေးနွေးပွဲကို သံလျှင်မြို့နယ် ပြည်ခိုင်ဖြိုးရုံး၌ ကျင်းပရာ ဗဟိုအမျိုးသမီးရေးရာ တာဝန်ခံ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်၊ ဗဟိုအမျိုးသမီးရေးရာ တွဲဘက်တာဝန်ခ ဗဟိုကော်မတီဝင် ဒေါ်ခင်ရွှေမြင့်၊ ရန်ကုန်တိုင်း အမျိုးသမီးရေးရာတာဝန်ခံ ဗဟိုကော်မတီဝင် ဒေါ်စန်းစန်းဝင်းနှင့် ဗဟိုကော်မတီ ၀င်များ၊ ဥပဒေရေးရာပညာရှင်များ၊ ခရိုင်ကော်မတီဝင်များ၊ မြိုနယ်အမျိုးသမီးရေးရာကော်မတီဝင်များ၊ ရပ်ကျေး အမျိုးသမီးရေးရာအဖွဲ့ဝင်များ စုစုပေါင်းအင်အား ( ၁၀၀ ) တက်ရောက်ပါသည်။

ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီ (၄၅) ကြိမ်မြောက် သွေးလှူဒါန်း

ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီမှ ရန်ကုန်အမျိုးသားသွေးလှူဘဏ်တွင် အာစိဏ္ဍကံအဖြစ် စဉ်ဆက်မပြတ် သွေးလှူဒါန်းလျှက်ရှိရာ မတ်လ (၁၀) ရက်နံနက် (၁၀) နာရီက အဆိုပါ သွေးလှူဌာနတွင (၄၅) ကြိမ်မြောက် သွေးလှူဒါန်းပွဲကို ကျင်းပပြုလုပ်ကြောင်း သိရှိရသည်။

တောင်ဥက္ကလာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအသိပညာပေးဟောပြော

 

ရန်ကုန် မတ် ၁ဝ

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပသော အမျိုးသမီးရေးရာဟောပြောပွဲကို ယနေ့ကျင်းပရာ အဆိုပါဟောပြောပွဲသို့ ပါတီဗဟိုကော်မတီဝင် တိုင်းဒေသကြီး အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်စန်းစန်းဝင်း၊ တိုင်းဒေသကြီး နယ်မြေတာဝန်ခံ ဒေါ်အေးအေးမြင့်၊ အရှေ့ပိုင်းခရိုင် အတွင်းရေးမှူး ဒေါ်ဇာခြည်လင်း၊ နယ်မြေတာဝန်ခံ ဒေါ်လဲ့လဲ့အေး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမျိုးမင်းအောင်၊ အတွင်းရေးမှူး ဦးစန်းဝင်း၊ မြို့နယ်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်မြင့်မြင့်ကြည်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့် အမျိုးသမီးရေးရာအဖွဲ့ ပါတီအမာခံများ၊ ရပ်ကွက်စည်းမှူးနှင့်ကော်မတီများ၊ ဖိတ်ကြားထား သည့် ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

ဒဂုံ​မြောက်​ ပြည်​ခိုင်​ဖြိုးပါတီ ရပ်/ကျေးပါတီဥက္ကဌ တာဝန်ပေးအပ်ပွဲကျင်းပ

ရန်ကုန် ။ မတ်လ ၁၁

ဒဂုံမြို့သစ်​​မြောက်​ပိုင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင်  (၁၁.၃.၂၀၁၈) ရက်နေ့ ​နေ့လည် (၁ ) နာရီတွင် ဒဂုံမြို့သစ်​​မြောက်​ပိုင်းမြို့နယ်အတွင်းရှိ ရပ်​ကွက်​ (၂၇) ရပ်​ကွက်​မှ ရပ်ကျေးစည်းမှူးများအား ရပ်ကျေး ပါတီဥက္ကဌ တာဝန်ပေးအပ်ပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ကြည့်မြင်တိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ဆောင်

ရန်ကုန် မတ် ၁၁

ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ရန်ကုန်အနောက်ပိုင်းခရိုင် ဖြိုးစေတနာ အခမဲ့ဆေးကုသရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက် ၁ဝ နာရီက ဘလုတ်ညွန့်ကျေးရွာ ကံသာအေးဘုန်းတော် ကြီးကျောင်းတွင် ကျန်းမာရေးအခမဲ့စောင့်ရှောက်မှု ပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။

မှော်ဘီပြည်ခိုင်ဖြိုးပါတီမှ ရပ်ကွက်/ကျေးရွာဥက္ကဌနှင့် ကော်မတီဝင်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

 

မှော်ဘီမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူးကျင်းပသည့် ရပ်ကျေးပါတီဥက္ကဌနှင့်ပါတီကော်မတီဝင်တာဝန်ပေးအပ်ပွဲ အခမ်းအနားအား ယမန်နေ့(7- 3- 2018)ရက်နေ့ နံနက် (09:00)နာရီအချိန်တွင် မြို့နယ်ရုံး၌ ကျင်းပပြုလုပ်ရာ ဗဟိုကော်မတီဝင်(မြောက်ပိုင်းခရိုင်တာဝန်ခံ)ဦးတင်မောင်ဝင်း၊ ဗဟိုကော်မတီဝင် (မှော်ဘီမြို့နယ်တာဝန်ခံ) ဒေါက်တာနေလင်း၊တိုင်းပါတီကော်မတီဝင် ဦးခင်မောင်တင့် ၊ခရိုင်အတွင်းရေးမှူးဦးမျိုးဇော်၊ မြို့နယ်ပါတီဥက္ကဌ ဦးလှဦးနှင့်မြို့နယ်ကော်မတီဝင်များ မှော်ဘီမြို့နယ်အတွင်းရှိ ရပ်-ကျေးများမှ ရပ်-ကျေးဥက္ကဋ္ဌနှင့်ကော်မတီဝင်များတက်ရောက်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ တက်ရောက်လာသူများက နိုင်ငံတော်သီချင်းအား သံပြိုင်ရွတ်ဆို၍ အခမ်းအနားအားဖွင့်လှစ်ခဲ့ပြီး ဗဟိုကော်မတီဝင် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ ဖြိုးစေတနာသွားနှင့်ခံတွင်း(အခမဲ့)ကွင်းဆင်းကုသ

 

ရန်ကုန် မတ် ၇

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဖြိုးစေတနာ သွားနှင့်ခံတွင်း(အခမဲ့) ကွင်းဆင်းကုသရေးအဖွဲ့မှ (၅ဝ) ရပ်ကွက် သာသနာ့ရောင်ခြည်ဓမ္မာရုံတွင် ယနေ့ နံနက် ၉ နာရီမှ စတင်၍ ၄၉၊ ၅ဝ၊ ၅၁ ရပ်ကွက်များအတွင်းရှိ သွားနှင့်ခံတွင်း ဝေဒနာရှင် ၅၇ ဦးကို အခမဲ့ကွင်းဆင်း ကုသမှုဆောင်ရွက်ပေးခဲ့ သည်။