ရန်ကုန်တောင်ပိုင်းခရိုင် အမျိုးသမီးရေးရာတွေ့ဆုံပွဲ ပြုလုပ်

10.3.2018 ရက်နေ့တွင် ရန်ကုန်တောင်ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးများအား ကာကွယ်ရေး ဥပဒေရေးရာဆွေးနွေးပွဲကို သံလျှင်မြို့နယ် ပြည်ခိုင်ဖြိုးရုံး၌ ကျင်းပရာ ဗဟိုအမျိုးသမီးရေးရာ တာဝန်ခံ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်၊ ဗဟိုအမျိုးသမီးရေးရာ တွဲဘက်တာဝန်ခ ဗဟိုကော်မတီဝင် ဒေါ်ခင်ရွှေမြင့်၊ ရန်ကုန်တိုင်း အမျိုးသမီးရေးရာတာဝန်ခံ ဗဟိုကော်မတီဝင် ဒေါ်စန်းစန်းဝင်းနှင့် ဗဟိုကော်မတီ ၀င်များ၊ ဥပဒေရေးရာပညာရှင်များ၊ ခရိုင်ကော်မတီဝင်များ၊ မြိုနယ်အမျိုးသမီးရေးရာကော်မတီဝင်များ၊ ရပ်ကျေး အမျိုးသမီးရေးရာအဖွဲ့ဝင်များ စုစုပေါင်းအင်အား ( ၁၀၀ ) တက်ရောက်ပါသည်။

အခမ်းအနားတွင် ဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ်မှ အဖွင့်အမှာစကားပြောကြားပြီး တိုင်းအမျိုးသမီး ရေးရာတာဝန်ခံ ဒေါ်စန်းစန်းဝင်းမှ ဆွေးနွေးပွဲလုပ်ရခြင်းနှင့်ပတ်သက်သော အကြောင်းအရာများ ရှင်းလင်းခြင်း၊ ဥပဒေပညာရှင် မြို့နယ်ကော်မတီဝင် ဒေါ်ခင်ချစ်ချစ်ဇော်မှ အမျိုးသမီးများအား ကာကွယ်ရေးဥပဒေရေးရာများ ဆွေးနွေးခဲ့ပါသည်။