ဒဂုံမြို့သစ်(မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ ဖြိုးစေတနာသွားနှင့်ခံတွင်း(အခမဲ့)ကွင်းဆင်းကုသ

 

ရန်ကုန် မတ် ၇

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဖြိုးစေတနာ သွားနှင့်ခံတွင်း(အခမဲ့) ကွင်းဆင်းကုသရေးအဖွဲ့မှ (၅ဝ) ရပ်ကွက် သာသနာ့ရောင်ခြည်ဓမ္မာရုံတွင် ယနေ့ နံနက် ၉ နာရီမှ စတင်၍ ၄၉၊ ၅ဝ၊ ၅၁ ရပ်ကွက်များအတွင်းရှိ သွားနှင့်ခံတွင်း ဝေဒနာရှင် ၅၇ ဦးကို အခမဲ့ကွင်းဆင်း ကုသမှုဆောင်ရွက်ပေးခဲ့ သည်။

အဆိုပါကွင်းဆင်းကုသမှုဆောင်ရွက်ရာသို့ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဇော်၊ အတွင်းရေးမှူး ဦးသန်းစိုး၊ မြို့နယ်ပါတီ ကော်မတီ ဝင် ဦးကျော်ထင်၊ ဒေါ်ဝင်းဝင်းအောင်၊ ဦးမြင့်ဦး၊ ဦးမင်းဇော်ဦး၊ ဒေါက်တာဇော်လင်းပြုံးနှင့်သွားနှင့်ခံတွင်းဆရာဝန် ဒေါက်တာခိုင်ဇင် အောင်၊ ရပ်ကွက်ပါတီ ကော်မတီဥက္ကဋ္ဌ ဦးစန်းဝင်း၊ ဦးတင်ဆန်း အောင်နှင့် ပါတီကော်မတီဝင်များ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ ကြကြောင်း သိရသည်။

တင်ဆန်းအောင်