မှော်ဘီပြည်ခိုင်ဖြိုးပါတီမှ ရပ်ကွက်/ကျေးရွာဥက္ကဌနှင့် ကော်မတီဝင်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

 

မှော်ဘီမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူးကျင်းပသည့် ရပ်ကျေးပါတီဥက္ကဌနှင့်ပါတီကော်မတီဝင်တာဝန်ပေးအပ်ပွဲ အခမ်းအနားအား ယမန်နေ့(7- 3- 2018)ရက်နေ့ နံနက် (09:00)နာရီအချိန်တွင် မြို့နယ်ရုံး၌ ကျင်းပပြုလုပ်ရာ ဗဟိုကော်မတီဝင်(မြောက်ပိုင်းခရိုင်တာဝန်ခံ)ဦးတင်မောင်ဝင်း၊ ဗဟိုကော်မတီဝင် (မှော်ဘီမြို့နယ်တာဝန်ခံ) ဒေါက်တာနေလင်း၊တိုင်းပါတီကော်မတီဝင် ဦးခင်မောင်တင့် ၊ခရိုင်အတွင်းရေးမှူးဦးမျိုးဇော်၊ မြို့နယ်ပါတီဥက္ကဌ ဦးလှဦးနှင့်မြို့နယ်ကော်မတီဝင်များ မှော်ဘီမြို့နယ်အတွင်းရှိ ရပ်-ကျေးများမှ ရပ်-ကျေးဥက္ကဋ္ဌနှင့်ကော်မတီဝင်များတက်ရောက်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ တက်ရောက်လာသူများက နိုင်ငံတော်သီချင်းအား သံပြိုင်ရွတ်ဆို၍ အခမ်းအနားအားဖွင့်လှစ်ခဲ့ပြီး ဗဟိုကော်မတီဝင် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ တက်ရောက်လာသော ပါတီဝင် ရပ်ကျေး(199)ခု၊ပါတီကော်မတီများကိုယ်စား ရပ်ကျေးအုပ်စု (43)နှင့် ပါတီဥက္ကဌများ ရပ်ကျေးပါတီဥက္ကဌနှင့်ကော်မတီဝင်တာဝန်ပေးခန့်အပ်လွှာများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

MZ