မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီမှ တတိယနေ့အဖြစ် နယ်လှည့် ဆေးကုသရေးအဖွဲ့ အခမဲ့ လှည့်လည်ကုသ

 

ဇူလိုင် ၁၊ ကံမ

ပြည်သူ့ကျန်းမာရေး အထူးကုဆရာဝန်ကြီးများ ပါဝင်သော နယ်လှည့်ဆေးကုသရေး အဖွဲ့ဖြင့် နိုင်ငံအဝှမ်း လှည့်လည်ပြီး အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ဇူလိုင်လ (၁) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်တွင် တတိယနေ့အဖြစ် ယွန်းကျောင်းပရိယတ္တိ စာသင်တိုက်ရှိ ဆရာတော်၊ သံဃာတော်များအား ကျန်းမာရေးဆေးစစ်မှုများအဖြစ် သွေးတိုး၊ ဆီးချို၊ နှလုံး နှင့် အခြားရောဂါဝေဒနာများ စစ်ဆေးကုသမှုများ၊ ဆေးဝါးပစ္စည်းများ လှူဒါန်းခြင်းတို့အား ပြုလုပ်ခဲ့ပါသည်။

ဆက်လက်ပြီး ပြည်ခိုင်ဖြိုးပါတီမှ ဆေးကုသရေးအဖွဲ့သည် ကံမမြို့နယ် သာသနာ့ဗိမ္မာန်တွင် ပြည်သူလူထု ၃၀၀ကျော်အား ဆက်လက်ကုသ ပေးလျက်ရှိရာ ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးနှင့်ဇနီး ဒေါ်ခင်မျိုးဌေးတို့ ကိုယ်တိုင် လာရောက် အားပေးခဲ့ကြသည်။

ကံမမြို့နယ်ကိုရောက်ရှိနေတဲ့ ပြည်ခိုင်ဖြိုးပါတီ နယ်လှည့်ဆေးကုသရေး အဖွဲ့ထံကို ကျေးလက်နေပြည်သူ မျက်စိ ဝေဒနာရှင်တွေကလည်း ထပ်မံပြီးလာက်ရောက်ဆေးကုသပေးဖို့ ထပ်မံတောင်းဆိုနေကြပါတယ်။

မျက်စိအထူးကု ဆရာဝန်ကြီးတွေနဲ့ သွားရောက်ကုသပေးဖို့အတွက် စီစဉ်ဆောင်ရွက် ပေးသွားမယ်လို့ ပြည်ခိုင်ဖြိုး ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးက ပြန်လည်ပြောဆိုခဲ့ပါတယ်။