ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကယားပြည်နယ်ပါတီဥက္ကဋ္ဌ ရပ်ကျေးဥက္ကဋ္ဌများ စွမ်းဆောင်ရည်မြှင့် သင်တန်းဖွင့်ပွဲ တက်ရောက်

 

လွိုင်ကော် သြဂုတ် ၂၇

ကယားပြည်နယ် လွိုင်ကော်ခရိုင် လွိုင်ကော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမဆောင်တွင် ယမန်နေ့ နံနက် ၈ နာရီက ပြည်ခိုင်ဖြိုးပါတီဝင် ရပ်ကွက်ကျေးရွာ ပါတီဥက္ကဋ္ဌများအား စွမ်းဆောင်ရည်မြှင့် သင်တန်းဖွင့်ပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ကယားပြည်နယ်ပါတီဥက္ကဋ္ဌ ဦးပိုး ရယ်အောင်သိန်း တက်ရောက်ခဲ့ကြောင်း သိရသည်။အခမ်းအနားကို နိုင်ငံတော် အလံအားအလေးပြုပြီး နိုင်ငံတော် သီချင်းဖြင့် သီဆိုဖွင့်လှစ်ပါသည်။

ယင်းနောက် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ကယားပြည်နယ်ပါတီဥက္ကဋ္ဌ ဦးပိုးရယ အောင်သိန်းက သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမောင်ရွှေက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသွားသည်။ ကယားပြည်နယ် ပြည်ခိုင်ဖြိုး ပါတီပြည်နယ်ကော်မတီဝင် ဦးရဲဝင်းက သင်တန်းသားသင်တန်းသူများအား သင်တန်းနည်းပြများနှင့် ရင်းရင်းနှီးနှီး မိတ်ဆက်ပေးသည်။ ယင်းနောက် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်ပြည်ခိုင်ဖြိုးပါတီသို့ သင်တန်း အတွက် ထောက်ပံ့ငွေကျပ် တစ်သိန်းအား ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးကျော်မြင့်ကလည်းကောင်း၊လွိုင် ကော်ခရိုင် ပြည်ခိုင်ဖြိုးပါတီက မြို့နယ် ပြည်ခိုင်ဖြိုးပါတီသို့ သင်တန်းအတွက် ထောက်ပံ့ငွေကျပ် တစ်သိန်းအား ခရိုင်ပါတီဥက္ကဋ္ဌ ဦးမျိုးမြင့်ဦးက လည်းကောင်း၊ သင်တန်းသား သင်တန်းသူများအတွက် ဗလာစာအုပ်နှင့် ဘောပင် များအား ဒေါဥခူရပ်ကွက် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိုးမိုးကျော်က လည်းကောင်း မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးမောင်ရွှေထံသို့ အသီးသီးပေးအပ်လှူဒါန်းခဲ့ကြသည်။

ယနေ့ပြုလုပ်သော စွမ်းဆောင်ရည်မြှင့် သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ကယားပြည်နယ် ပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်း၊ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးလူရယ်ဖိုးလူ၊ ပြည်နယ် ပါတီအတွင်းရေးမှူး ဦးကျော်မြင့်နှင့် ပြည်နယ်ပါတီကော်မတီဝင်များ၊ လွိုင်ကော်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမျိုးမြင့်ဦးနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမောင်ရွှေ၊ အတွင်းရေးမှူး ဦးကူး ရယ်နှင့်မြို့နယ်ပါတီကော်မတီဝင်များ၊ သင်တန်းနည်းပြများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း၊ သင်တန်းဖွင့်ပွဲပြီးသည်နှင့် နံနက် ၉ နာရီခွဲ ပထမရက်တွင် ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးကျော်မြင့်က ရွေးကောက်ပွဲဆိုင်ရာ အသိပညာဘာသာရပ်ဖြင့် ပို့ချပေးပြီး ဒုတိယအချိန်အဖြစ် ပြည်နယ်ကော်မတီဝင် ဒေါ်ဒေါရစ်လေးကဒေသနှင့် ကိုက်ညီမည့်စည်းရုံးရေးနည်း ဗျူဟာများ သင်ခန်းစာများပို့ချ ပေးပြီး သင်တန်းပို့ချမှုကို ညနေ ၄ နာရီ ၅၅မိနစ်အထိ ပို့ချသွား မည်ဖြစ်ကြောင်း၊ ယနေ့သင်တန်း ကိုနှစ်ရက်သာ ပို့ချမည်ဖြစ်ပြီး သင်တန်းဖွင့်ပွဲအပြီးတွင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင် သိန်းက သင်တန်းသား သင်တန်းသူများနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက် ခဲ့ကြောင်း သိရသည်။

မမောင်(ချိကယ်သူ)