မြို့နယ်/ရပ်ကွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး သင်္ဃန်းကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီကျင်းပ

ရန်ကုန် မတ် ၁၂

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် သင်္ဃန်းကျွန်းပြည်ခိုင်ဖြိုး မြို့နယ်/ရပ်ကွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယမန်နေ့မွန်းလွဲ ၃ နာရီက မြို့နယ်ပါတီ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်မြတ်ဇော်က ရပ်ကွက် စည်းရုံးရေးမှူးများအား ရပ်ကွက်ပါတီဥက္ကဋ္ဌ တာဝန်ပေးအပ်ပွဲကို ယခုလအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း၊ ဆက်လက်ပြီး ဥပဒေရေးရာဟောပြောပွဲ၊ လူငယ်ရေးရာလှုပ်ရှားမှု သက်ငယ်မုဒိမ်းမှု သေဒဏ်ပေးရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်ခံရမှုပပျောက်စေရေး ဆောင်ရွက်နေမှုကိစ္စရပ်များကို အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ပါတီကော်မတီဝင် ရေးရာတာဝန်ခံများက မိမိတို့ရေးရာအလိုက် စဉ်ဆက်မပြတ် ဆက်လက် ဆောင်ရွက်သွားမည့် နယ်မြေကွင်းဆင်းဆောင်ရွက်မည့်ကိစ္စများ၊ ဥပဒေရေးရာဟော ပြောပွဲများကျင်းပမည့် အစီအစဉ်များ၊ လူငယ်ရေးရာ/အမျိုးသမီးရေးရာ အင်အားဖြည့်တင်းဆောင်ရွက်ရေးကိစ္စရပ်များကို ရပ်ကွက် စည်းရုံးရေးမှူးများနှင့် ညှိနှိုင်းဆောင်ရွက်သည်။

ထို့နောက် ရပ်ကွက်စည်းရုံးရေးမှူးများ၏ တင်ပြချက်များကို မြို့နယ်ဥက္ကဋ္ဌ ဦးအောင်မြတ်ဇော်က ပြန်လည်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးပြီး အစည်းအဝေးကို ညနေ ၅ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ကြည်သိန်း(သင်္ဃန်းကျွန်း)