ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီ (၄၅) ကြိမ်မြောက် သွေးလှူဒါန်း

ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီမှ ရန်ကုန်အမျိုးသားသွေးလှူဘဏ်တွင် အာစိဏ္ဍကံအဖြစ် စဉ်ဆက်မပြတ် သွေးလှူဒါန်းလျှက်ရှိရာ မတ်လ (၁၀) ရက်နံနက် (၁၀) နာရီက အဆိုပါ သွေးလှူဌာနတွင (၄၅) ကြိမ်မြောက် သွေးလှူဒါန်းပွဲကို ကျင်းပပြုလုပ်ကြောင်း သိရှိရသည်။

အဆိုပါသွေးလှူဒါန်းပွဲသို့ ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီမှ တိုင်းအတွင်းရေးမှူး ဗဟိုကော်မတီဝင် ဦးသာဝင်း၊ ဗဟိုကော်မတီဝင် ဒေါ်သင်းသင်းမိုး၊ အမျိုးသားသွေးလှုဌာနမှ ဒုညွှန်ကြားရေးမှူးချူပ် ဒေါက်တာသီတာအောင်နှင့် မြောက်ပိုင်းခရိုင် ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဌများနှင့် သွေးလှူရှင် (၁၅၀) ဦးတို့ တက်ရောက်ခဲ့ သည်။
အစီအစဉ်အရ တိုင်းပါတီအတွင်းရေးမှူး ဦးသာဝင်းမှ အမှာစကားပြောကြားရာတွင် ဗုဒ္ဓဘုရားဟောကြားသည့် အတိုင်း ဒါန သီလ ဘာဝနာကုသိုလ်များတွင် ယခုမိမိတို့အသွေးအသားကို လှူဒါန်းခြင်းမှာ ဒါနဥပပါရမီမြောက် ကြောင်း ယခုလို စဉ်ဆက်မပြတ်လှူဒါန်းပေးကြသည့် ပြည်ခိုင်ဖြိုးလူငယ်မောင်မယ်များအား အထူးပင်ကျေးဇူး တင်ပါကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသားသွေးလှုဌာနမှ ဒုညွှန်ကြားရေးမှူးချူပ် ဒေါက်တာသီတာအောင်မှ အမျိုးသားသွေးလှူဌာနကို စတင်တာဝန်ယူသည့်အချိန်မှစ၍ ယခုအချိန်ထိ သွေးလှုရှင်များ စိတ်အေးချမ်းစွာလှူဒါန်းနိုင်ရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ပေးလျှက်ရှိကြောင်း သို့သော် အမျိုးသားသွေးဌာနအတွက် သွေးပုလင်း လိုအပ်မှုများမှာ ရှိနေမြဲပင်ဖြစ်ရာ အမျိုးသားသွေးဌာနအတွက် အားကိုးရသည့် သွေးလှူရှင်အဖွဲ့များတွင် ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီသည်လည်း တစ်ခုအပါအဝင်ပင်ဖြစ်ပါကြောင်း ယခုလို စဉ်ဆက်မပြတ်လှူဒါန်းပေး နေကြသည့်အတွက် များစွာပင် ကျေးဇူးတင်ရှိပါကြောင်းပြောကြားပြီး သွေးလှုရှင်များအား လှည့်လည်ကြည့်ရှု
အားပေးခဲ့ကြကြောင်း သိရှိရသည်။

Myochit Thway