ဒဂုံမြို့သစ် (မြောက်ပိုင်း) တွင် ရပ်ကွက်ပါတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ တာဝန်ပေးအပ်ပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်တက်ရောက်

ရန်ကုန် မတ် ၁၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးသာဝင်းသည် ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပါတီရုံးအစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပသော ရပ်ကွက်စည်းရုံးရေးမှူးများနှင့် အမှုဆောင်များအား ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များအဖြစ် တာဝန် ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်ခဲ့သည်။

အခမ်းအနားကို နိုင်ငံတော်သီချင်း သံပြိုင်ရွတ်ဆိုဖွင့်လှစ်ကာ ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင် ဦးသာဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အရှေ့ပိုင်းခရိုင်ပါတီဥက္ကဋ္ဌ ဦးစိန်မြင့်က ရပ်ကွက် ၂၇ ရပ်ကွက်မှ ရပ်ကွက် ပါတီဥက္ကဋ္ဌများအား တာဝန်ပေးခန့်အပ်လွှာများ ပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပါတီဗဟိုကော်မတီဝင် ဦးသာဝင်း၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ပါတီဥက္ကဋ္ဌ ဦးစိန်မြင့်၊ အတွင်းရေးမှူး ဒေါ်ဇာခြည်လင်း၊ ပါတီကော်မတီဝင် ဦးမျိုးဝင်းကျော်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဇော်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်ပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ ပါတီဝင်စုစုပေါင်း ၉၅ ဦးတက် ရောက်ခဲ့ကြကြောင်း သိရသည်။

တင်ဆန်းအောင်