မအူပင်ခရိုင်နှင့် မြို့နယ်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

မအူပင် ဒီဇင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၉ နာရီခွဲမှ စတင်ပြီး မအူပင်ခရိုင်နှင့် မအူပင် မြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ကျင်းပခဲ့ရာ တိုင်းဒေသကြီးပါတီကော်မတီအစည်း အဝေးမှ လမ်းညွှန်ချက်များကို ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ မအူပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးကျော်ဖေဦးနှင့် အတွင်းရေးမှူး ဦးရန်နိုင်၊ မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောသောင်းဒန်နှင့် မြို့နယ်ပါတီကော် မတီဝင်များ တက်ရောက်ခဲ့သည်။

ဖြိုးမောင်ဇော်(မအူပင်)